Páscoa
A Páscoa é a celebração suprema da redenção. Do cordeiro pascal no Egito ao Cordeiro de Deus que tira o pecado do mundo, ela aponta para o sacrifício e a vitória de Cristo.
A caminhada para a cruz
Jesus entrou em Jerusalém como Rei humilde, e a multidão o aclamou. Ele sabia do sofrimento que viria, mas caminhou em obediência até o fim.
ယေသျှု၏ ရှိ့မှလည်းကောင်း၊ နောက်မှလည်းကောင်း လမ်းလျှောက် လာကြသော လူတိက "ဒါဝိဒ်သားတော်အား ဟောသျှဏ္ဏ ဖြစ်ပါစီ။ ထာဝရဘုရားသခင်၏ နာမတော်နှင့် ကြွလာသော သူသည် မင်္ဂလာဟိပါစီ။ အမြင့်ဆုံးသောကောင်းကင်၌ ဟောသျှဏ္ဏ ဖြစ်ပါစီ" ဟု ကြွေးကြော်ကြ၏။
"နားထောင်ကတ်။ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြပြီ။ ထိုနီရာ၌ လူသားကို ယဇ်ပရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိ လက်ထဲသို့ အပ်နှံကြလိမ့်မည်။ သူရို့သည် လူသားကို အသက်သီယောင်ထိ ပြစ်ဒဏ်ပီးကတ်လိမ့်မည်။ ထို့နောက် သူရို့သည် လူသားကို လူမျိုးခြားတိလက်သို့ အပ်ကြလိမ့်မည်၊ ထိုသူရို့သည် လူသားကို လှောင်ပြောင်ခြင်းကိုပြု၍ ကြာပွတ်နှင့် သတ်ကြလိမ့်မည်။ နောက်ဆုံး၌ လူသားကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ သို့သော်လည်း လူသားသည် သုံးရက်မြောက်သောနိ့မှာ သီခြင်းက ထမြောက်လိမ့်မည်" ဟု ပြော၏။
A paixão de Cristo
Jesus foi zombado, açoitado e crucificado. Ele orou no Getsêmani e entregou sua vida voluntariamente, dizendo: 'Está consumado!'
စစ်သားများသည် ကိုယ်တော်၏အဝတ်တော်ကို ချွတ်ကာ ကြက်သွီးရောင်နီနီရဲရဲဝတ်ရုံကို ဝတ်ပီးကြ၏။ ထို့နောက် ကိုယ်တော်၏ဂေါင်းထက်တွင် ဆူးခက်များနှင့် ရက်လုပ်ထားသော ဂေါင်းပေါင်းသရဖူကို ဆောင်းပီးထားကြ၏။ လက်ယာလက်၌ တုတ်ချေတစ်ချောင်းကို ကိုင်ထားစီပြီးလျှင် "ယုဒလူမျိုးတိ သျှင်ဘုရင် သက်တော်ရာကျော် ရှည်ပါစီ" ဟု ကိုယ်တော်၏ရှိ့မှာ ဒူးထောက်ခစားလျက် ပြက်ရယ်ပြုကြ၏။
သူရို့က "ဤသူကား ယုဒလူမျိုးရို့၏ သျှင်ဘုရင် ယေသျှု ဖြစ်သတည်း" ဟု ရီးထားသော ကမ္ပည်းစာကို ကိုယ်တော်၏ ဦးဂေါင်းထက်တွင် ထားကြ၏။
"ဖခမည်းတော်၊ ကိုယ်တော်သည် ခမ်းသိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူပါ၏။ ယင်းကြောင့် ဤဒုက္ခဝေဒနာခွက်ကို အကျွန်ပါးက လွှဲဖယ်ပီးတော်မူပါ။ သို့သော် အကျွန်၏ အလိုဆန္ဒအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ" ဟု ဆိုလျက် မိမိခံရမည့် ဝေဒနာကို ဖြစ်နိုင်တော်မူလျှင် လွှဲဖယ်ပီးတော်မူခြင်းငှာ ဆုတောင်းတော်မူ၏။
ယေသျှုသည် "အိုအဖ၊ အကျွန်၏ ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်သို့ အပ်ပါ၏" ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
ယေသျှုသည် ထိုပုံးရည်ကို သောက်တော်မူပြီးမှ "အမှုပြီးပြီ" ဟု နှုတ်မှ မြွက်ဆိုလေ၏။
ထို့နောက် ဦးဂေါင်းကို ငိုက်စိုက်ချကာ မိမိ၏အသက်တော်ကို စွန့်တော်မူလေ၏။
A ressurreição gloriosa
Ele não está aqui — ressuscitou! O túmulo vazio é a prova de que a morte foi derrotada e Cristo vive para sempre.
ကောင်းကင်တမန်က "မကြောက်ကတ်ကေ့၊ သင်ရို့သည် လက်ဝါးကပ်တိုင်မှာ တင်၍ အသတ်ခံရသော ယေသျှုကို ရှာနိန်ကြသည်ကို ငါသိ၏။ သူသည် ဤအရပ်၌ မဟိယာ၊ သူပြောထားခသည့်အတိုင်း သီခြင်းက ထမြောက်လားယာ၊ ဤနီရာသည် သူလဲလျောင်းနိန်ခသော နီရာ ဖြစ်၏၊ လာ၍ ကြည့်ကြလော့။
ထိုသူကလည်း "မကြောက်ကတ်ကေ့။ သင်ရို့သည် လက်ဝါးကပ်တိုင်ထက်မှာ တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေသျှုကို လာရှာကြသည် မဟုတ်လော။ ထိုအသျှင်ကား ဤအရပ်တွင် မဟိ — သီခြင်းမှ ထမြောက်အသက်ရှင်တော်မူဗျာ။ ကြည့်ကြလော့။ ဤနီရာကား ထိုအသျှင်၏ အလောင်းတော်ကို ထားသောနီရာဖြစ်၏။
ကိုယ်တော်သည် ဤအရပ်၌ မဟိဗျာယ်၊ ရှင်ပြန်ထမြောက်တော်မူလားခဗျာယ်။ ကိုယ်တော်က ဂါလိလဲပြည်၌ ဟိတော်မူခစဉ်က၊ ‘လူသားသည် အပြစ်သားတိလက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်။ အသီသတ်ခြင်းကို ခံရ ပြီးလျှင် သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်လိမ့်မည်’ ဟု ပြောခသောစကားကို အောက်မိ့ကြပါ" ဟုဆို၏။
သင်္ချိုင်းဂူသို့ အယင်ရောက်သော တပည့်တော်သည်လည်း ဂူထဲသို့ ဝင်ကြည့်သောအခါမှ မြင်ရသည်ဖြစ်၍ ယုံလေ၏။ ကိုယ်တော်သည် သီဆုံးခြင်းက ထမြောက်ရမည်ဆိုသော ကျမ်းစာကို သူရို့သည် နားမလည်ကြသိမ့်ပေ။