Pular para o conteúdo
Publicidade

Relacionamentos

Por Bíblia Online

Viver com os outros exige paciência, perdão e disposição constante para amar de verdade. No dia a dia, a convivência em família, no casamento e nas amizades revela quem somos e como colocamos a fé em prática.

As Escrituras mostram caminhos práticos para lidar com as diferenças, cuidar de quem está perto e construir laços firmes. O amor ao próximo começa dentro de casa e se estende a todos ao redor, moldando um estilo de vida que reflete o coração de Deus.

Os relacionamentos são centrais na vida cristã. A Bíblia orienta sobre amizade, casamento, família e convivência, sempre tendo o amor como fundamento de toda relação.

Amor e amizade

O amigo ama em todo tempo. A Bíblia valoriza amizades verdadeiras que edificam, fortalecem e desafiam ao crescimento mútuo.

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။

မိတ်​ဆွေ၏​တန်​ဖိုး

လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။

တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။

လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။

Casamento e família

O casamento é aliança sagrada. O marido deve amar a esposa como Cristo amou a Igreja, e ambos devem cultivar respeito e submissão mútua.

အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။- ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။-

ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။-

သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။-

ခ​ရစ်​ယာန်​မိ​သား​စု၏​တာ၀န်

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ချင်း​ယောက်ျား​တို့၊ ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။ ကြမ်း​တမ်း​စွာ မ​ပြု​ကြ​နှင့်။-

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။

ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။-

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။

Convivência saudável

Os relacionamentos florescem quando tratamos os outros como gostaríamos de ser tratados, com amor crescente e caráter maduro.

သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။

မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-

ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ။ ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော သင်​တို့၏ စိတ်​နှ​လုံး​ကို ကိုယ်​တော်​သည် သန့်​ရှင်း​ခြင်း​ပါ​ရ​မီ၌ မြဲ​မြံ​ခိုင်​ခံ့​စိမ့်​သော​ငှာ ငါ​တို့​သည် သင်​တို့​ကို ချစ်​သ​ကဲ့​သို့ သင်​တို့​သည် အ​ချင်း​ချင်း​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ချစ်၍၊ ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​ထူး​သ​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း သ​ခင်​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။

မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။

ဆန့်​ကျင်​ဘက်​ထမ်း​ပိုး

မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။-

အ​ကြောင်း​မူ​ကား၊ ယ​ခု​တွင် ငါ​သည် လူ​တို့၏ အ​လို​သို့​လိုက်​သ​လော။ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို လိုက်​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြ​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြံ​သေး​လျှင်၊ ခ​ရစ်​တော်၏ အ​စေ​ခံ​ကျွန်​မ​ဟုတ်​ပြီ။

ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။-

ကောင်း​သော​အ​သ​ရေ​ကို များ​စွာ​သော​ဥ​စ္စာ​ထက် သာ၍ ရွေး​စ​ရာ​ကောင်း၏။ သူ​တစ်​ပါး​စုံ​မက်​ခြင်း​ကျေး​ဇူး​သည် ရွှေ​ငွေ​ထက် သာ၍​ကောင်း၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.