Publicidade

Números 34

ခါ​နာန်​ပြည်​၏​နယ်​နိ​မိတ်

1 တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2 သင်​တို့​သည် ခါ​နာန်​ပြည်​သို့ ရောက်​ကြ​သော​အ​ခါ၊ သင်​တို့​အ​မွေ​ခံ​ရ​သော ခါ​နာန်​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဟူ​မူ​ကား၊ 3 တောင်​မျက်​နှာ​တွင် ဇိ​န​တောင်​မှ ဧ​ဒုံ​ပြည်​အ​နား၌​လျှောက်​လျှင်၊ သော​ဒုံ​အိုင်​အ​ရှေ့​စွန်း​သည် တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။ 4 တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် တောင်​မျက်​နှာ​မှ​လည်၍၊ အာ​က​ရ​ဗ္ဗိမ်​ကုန်း​ကို​လျှောက်​လျက် ဇိ​န​ရွာ​သို့​ရောက်​ရ​မည်။ ထို​ရွာ​က​ပြန်၍ ကာ​ဒေ​ရှ​ဗာ​နာ​ရွာ၊ ဟာ​ဇ​ရ​ဒ္ဒါ​ရွာ၊ အာ​ဇ​မုန်​ရွာ​ကို​လျှောက်​သ​ဖြင့်၊ 5 အာ​ဇ​မုန်​ရွာ​မှ​ပြန်၍ အဲ​ဂု​တ္တု​ချောင်း​ကို​လိုက်​လျက် ပင်​လယ်၌​ဆုံး​ရ​မည်။ 6 အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​သည် အ​နောက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။ 7 မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ကြီး​သော​ပင်​လယ်​က​ထွက်၍ ဟော​ရ​တောင်​ကို ရှေ့​ရှု​သွား​ပြီး​လျှင်၊ 8 ထို​တောင်​မှ ဟာ​မတ်​လမ်း​ဝ၊ ဇေ​ဒဒ်​ရွာ၊ 9 ဇိ​ဖြုန်​ရွာ​ကို​လျှောက်၍ ဟာ​ဇ​ရေ​နန်​ရွာ၌ ဆုံး​ရ​မည်။ 10 အ​ရှေ့​အ​ပိုင်း​အ​ခြား​သည် ဟာ​ဇ​ရေ​နန်​ရွာ​မှ​ထွက်၍ ရှေ​ဖံ​ရွာ​သို့​ရောက်​ပြီး​လျှင်၊ 11 အ​ဣ​န​ရွာ​အ​ရှေ့၌​လျှောက်၍ ရိ​ဗ​လ​ရွာ​သို့ သွား​ရ​မည်။ ထို​ရွာ​မှ​ထွက်၍ ဂင်္နေ​သ​ရက်​အိုင်​အ​ရှေ့​ကမ်း​ကို လျှောက်​သ​ဖြင့်၊ 12 ယော်​ဒန်​မြစ်​ကို​လိုက်၍ သော​ဒုံ​အိုင်၌​ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ သင်​တို့ အ​မွေ​ခံ​ရ​သော​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

13 မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။14,15 ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား တစ်​ဝက်​တည်း​ဟူ​သော အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​သည် မိ​မိ​တို့​အ​မွေ​ခံ​သော​မြေ​ကို ယော်​ဒန်​မြစ်​အ​ရှေ့၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ထွက်​ရာ​ဘက်၌ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မှာ​ထား​လေ၏။

အ​မျိုး​သား​ခေါင်း​ဆောင်​များ

16 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 17 အ​မျိုး​သား​တစ်​မျိုး​လျှင် မင်း​တစ်​ပါး​စီ​ရွေး၍၊ ထို​မင်း​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​တို့​နှင့် ဝိုင်း​လျက်၊ 18 ခါ​နာန်​ပြည်​ကို​ဝေ၍ သင်​တို့​အား အ​မွေ​ပေး​ရ​ကြ​မည်။ 19 ရွေး​ရ​သော​မင်း​တို့၏​အ​မည်​ကား၊ ယု​ဒ​အ​မျိုး​သား​ထဲ​က ယေ​ဖု​န္နာ​သား ကာ​လက်။ 20 ရှိ​မောင်​အ​မျိုး​သား​ထဲ​က အ​မိ​ဟုဒ်​သား ရှေ​မွေ​လ။ 21 ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ခိ​သ​လုန်​သား ဧ​လိ​ဒဒ်။ 22 ဒန်​အ​မျိုး​ကို အုပ်​စိုး​သော​သူ၊ ယော​ဂ​လိ​သား ဗု​က္ကိ။ 23 ယော​သပ်​သား​တို့​တွင် မ​နာ​ရှေ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ ဧ​ဖုဒ်​သား ဟံ​ယေ​လ။ 24 ဧ​ဖ​ရိမ်​အ​မျိုး​ကို အုပ်​စိုး​သော​သူ၊ ရှိ​ဖ​တန်​သား ကေ​မွေ​လ။ 25 ဇာ​ဗု​လုန်​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ ပါ​နက်​သား ဧ​လိ​ဇ​ဖန်။ 26 ဣ​သ​ခါ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ အ​ဇ္ဇန်​သား ပါ​လ​တေ​လ။ 27 အာ​ရှာ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ ရှေ​လော​မိ​သား အ​ဘိ​ဟုဒ်။ 28 နဿ​လိ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ အ​မိ​ဟုဒ်​သား ပေ​ဒ​ဟေ​လ​တည်း။ 29 ဤ​သူ​တို့​သည် ခါ​နာန်​ပြည်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မွေ​မြေ​ကို ဝေ​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​ကြ​သ​တည်း။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-