Publicidade

Números 31

မိ​ဒျန်​တို့​ကို​တိုက်​ခိုက်​ခြင်း

1,2 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​အ​လျောက် ဣ​သ​ရေ​လ​အ​မျိုး​သား​ဘက်၌​နေ၍ တ​ရား​စီ​ရင်​လော့။ သို့​ပြီး​မှ သင်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 3 မော​ရှေ​သည်​လည်း လူ​များ​တို့​ကို​ခေါ်၍၊ အ​ချို့​တို့​သည် လက်​နက်​ကို​ကိုင်​လျက်၊ မိ​ဒျန်​အ​မျိုး​သား​တို့​သို့​စစ်​ချီ၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ တ​ရား​စီ​ရင်​စေ။ 4 ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် တစ်​မျိုး​တစ်​မျိုး​ထဲ​က၊ လူ​တစ်​ထောင်​စီ​ရွေး၍ စစ်​ချီ​စေ​ဟု စီ​ရင်​သည်​အ​တိုင်း၊ 5 ဣ​သ​ရေ​လ​အ​မျိုး​သား အ​ထောင်​အ​သောင်း​တို့​တွင် တစ်​မျိုး​တစ်​မျိုး​ထဲ​က၊ စစ်​တိုက်​လက်​နက်​ပါ​သော​သူ တစ်​ထောင်​စီ၊ လူ​ပေါင်း​တစ်​သောင်း​နှစ်​ထောင်​ကို​အပ်၍၊ 6 မော​ရှေ​သည်​ထို​သူ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​လက်​နက်​နှင့်​တ​ကွ၊ မှုတ်​ရာ​တံ​ပိုး​တို့​ကို​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​ကို​လည်း​ကောင်း စစ်​ချီ​စေ၏။ 7 မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကို​တိုက်၍ လူ​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​ကြ၏။ 8 အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​တွင် ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တည်း​ဟူ​သော မိ​ဒျန်​မင်း​ကြီး​ငါး​ပါး​ပါ​ကြ၏။ ဗော​ရ​သား​ဗာ​လမ်​ကို​လည်း ဓား​နှင့်​သတ်​ကြ၏။ 9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ မိ​ဒျန်​မိန်း​မ​များ၊ သူ​ငယ်​များ​တို့​ကို လက်​ရ​သိမ်း​ယူ၍၊ သိုး၊ ဆိတ်၊ နွား​အ​စ​ရှိ​သော ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို လု​ယူ​ကြ၏။ 10 မိ​ဒျန်​အ​မျိုး​သား​တို့​နေ​သော မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ 11 ဖမ်း​ရ​သော​လူ၊ တိ​ရ​စ္ဆာန်​နှင့်​တ​ကွ၊ လက်​ရ​ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို သိမ်း​သွား၍၊ 12 မော​ဘ​လွင်​ပြင် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တပ်​ချ​လျက်​နေ​သော မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​တို့​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

ဣ​သ​ရေ​လ​တပ်​ပြန်​ရောက်​လာ​ခြင်း

13 မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​မှ​စ၍ ပ​ရိ​သတ်​တို့၌ မင်း​အ​ပေါင်း​တို့​သည် ကြို​ဆို​ခြင်း​ငှာ တပ်​ပြင်​သို့​ထွက်​သွား​ကြ၏။ 14 မော​ရှေ​သည် စစ်​တိုက်​ရာ​မှ​ပြန်​လာ​သော တပ်​မှူး​များ၊ ဗိုလ်​မင်း​များ​တို့​ကို အ​မျက်​ထွက်၍၊ 15 သင်​တို့​သည် မိန်း​မ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ရှင်​စေ​ကြ​သ​နည်း။ 16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေ​ဂု​ရ​ဘု​ရား​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​စေ​ခြင်း​ငှာ၊ ဤ​မိန်း​မ​တို့​သည် ဗာ​လမ်​ပေး​သော အ​ကြံ​ကို​လိုက်၍ ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်၌ ဘေး​ရောက်​လေ​သည်​တ​ကား။17 ထို​ကြောင့်၊ သူ​ငယ်​ယောက်ျား​အ​ပေါင်း​ကို​လည်း​ကောင်း၊ ယောက်ျား​နှင့်​ဆက်​ဆံ​ဖူး​သော မိန်း​မ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သတ်​ကြ​လော့။ 18 ယောက်ျား​နှင့်​မ​ဆက်​ဆံ​ဖူး​သော မိန်း​မ​ငယ်​အ​ပေါင်း​တို့​ကို၊ မိ​မိ​တို့​အ​ဖို့ အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။ 19 သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ​ကြ​မည်။ လူ​ကို​သတ်​သော​သူ၊ အ​သေ​ကောင်​ကို​ထိ​သော​သူ အ​ပေါင်း​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိမ်း​ယူ​သော​သူ​တို့​ကို​လည်း​ကောင်း တ​တိ​ယ​နေ့၊ သ​တ္တ​မ​နေ့၌ စင်​ကြယ်​စေ​ကြ​လော့။ 20 သင်​တို့​အ​ဝတ်​နှင့် သား​ရေ​တန်​ဆာ​ရှိ​သ​မျှ၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ရာ၊ သစ်​သား​ဖြင့်​လုပ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ​ကြ​လော့​ဟု မှာ​ထား​လေ၏။

21 ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သည်​လည်း၊ စစ်​တိုက်​သွား​သော စစ်​သူ​ရဲ​တို့​ကို​ခေါ်၍၊ မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊ 22 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ ကြေး​ဖြူ၊ ခဲ​အ​စ​ရှိ​သော၊ 23 မီး​ကို​ခံ​နိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို မီး​အ​လယ်၌​သွား​စေ​သ​ဖြင့် စင်​ကြယ်​စေ​ရ​မည်။ သို့​ရာ​တွင် စင်​ကြယ်​စေ​သော​ရေ​ဖြင့်​လည်း စင်​ကြယ်​စေ​ရ​မည်။ မီး​မ​ခံ​နိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​အ​လယ်၌​သွား​စေ​ရ​မည်။ 24 သ​တ္တ​မ​နေ့၌ မိ​မိ​အ​ဝတ်​ကို​လျှော်​ပြီး​မှ၊ စင်​ကြယ်​ခြင်း​ရှိ၍၊ တပ်​ထဲ​သို့​ဝင်​ရ​ကြ​မည်​ဟု မှာ​ထား​လေ၏။

သိမ်း​ဆည်း​ခဲ့​သော​ပ​စ္စည်း​များ​ခွဲ​ဝေ​ခြင်း

25 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ 26 ပ​ရိ​သတ်​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည်၊ ယ​ခု​လက်​ရ​သိမ်း​ယူ​ခဲ့​သော ဥ​စ္စာ၊ လူ၊ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​ယူ၍၊ 27 ထက်​ဝက်​ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​မှု​ထမ်း၍ အ​တိုက်​သွား​သော​သူ​တို့​အား​လည်း​ကောင်း၊ တစ်​ဝက်​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း​ကောင်း ပေး​ဝေ​လော့။ 28 စစ်​တိုက်​သွား​သော စစ်​သူ​ရဲ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ပေး​ရ​သော​အ​ခွန်​ကို​ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုး​အ​ကောင်​ငါး​ရာ​တွင် တစ်​ကောင်​ကို ကောက်​ယူ​ပြီး​လျှင်၊ 29 သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​နှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား ပေး​ရ​မည်။ 30 ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊ 31 မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည် ပြု​လေ၏။

32 စစ်​သူ​ရဲ​တို့​သည် လက်​ရ​သိမ်း​ယူ​ခဲ့၍ ကျန်​ကြွင်း​သော ဥ​စ္စာ​ပေါင်း​ကား သိုး​ခြောက်​သိန်း​ခု​နစ်​သောင်း​ငါး​ထောင်၊ 33 နွား​ခု​နစ်​သောင်း​နှစ်​ထောင်၊ 34 မြည်း​ခြောက်​သောင်း​တစ်​ထောင် 35 ယောက်ျား​နှင့် မ​ဆက်​ဆံ​ဖူး​သော​မိန်း​မ သုံး​သောင်း​နှစ်​ထောင် ရှိ​သ​တည်း။ 36 စစ်​တိုက်​သွား​သော​သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ကား၊ သိုး သုံး​သိန်း သုံး​သောင်း​ခု​နစ်​ထောင်​ငါး​ရာ ရှိ​သည်​ဖြစ်၍၊ 37 ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ သိုး​ခြောက်​ရာ​ခု​နစ်​ဆယ်​ငါး​ကောင်​တည်း။ 38 နွား​သုံး​သောင်း​ခြောက်​ထောင် ရှိ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ နွား​ခု​နစ်​ဆယ်​နှစ်​ကောင်​တည်း။ 39 မြည်း​သုံး​သောင်း​ငါး​ရာ ရှိ​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ မြည်း​ခြောက်​ဆယ်​တစ်​ကောင်​တည်း။ 40 လူ​တစ်​သောင်း​ခြောက်​ထောင် ရှိ​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ လူ​သုံး​ဆယ်​နှစ်​ယောက်​တည်း။ 41 ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ရှေ့​တော်၌​ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ​အ​ခွန်​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား အပ်​ပေး​လေ၏။ 42 တစ်​ဖန် စစ်​တိုက်​သော​သူ​တို့​လက်​မှ မော​ရှေ​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ 43 ပ​ရိ​သတ်​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ကား၊ သိုး​သုံး​သိန်း​သုံး​သောင်း​ခု​နစ်​ထောင်​ငါး​ရာ၊ 44 နွား​သုံး​သောင်း​ခြောက်​ထောင်၊ 45 မြည်း​သုံး​သောင်း​ငါး​ရာ၊ 46 လူ​တစ်​သောင်း​ခြောက်​ထောင် ရှိ​သည်​ဖြစ်၍ 47 ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့ လူ၊ တိ​ရ​စ္ဆာန် အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို မော​ရှေ​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။

48 လူ​တစ်​ရာ၊ တစ်​ထောင်​ကို​အုပ်​သော​တပ်​မှူး​များ၊ ဗိုလ်​များ​တို့​သည်​လည်း၊ မော​ရှေ​ထံ​သို့​ချဉ်း​ကပ်၍၊ 49 ကိုယ်​တော်​ကျွန်​တို့​သည် အုပ်​သော​စစ်​သူ​ရဲ​တို့​ကို စာ​ရင်း​ယူ​ပြန်၍၊ လူ​တစ်​ယောက်​မျှ မ​လျော့​ပါ။ 50 ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သက်​အ​ဖိုး​ကို​ဖြေ​ဖို့​ရာ လူ​အ​သီး​အ​သီး​ရ​သော ရွှေ​တန်​ဆာ၊ လည်​ဆွဲ၊ လက်​ကောက်၊ လက်​စွပ်၊ နား​တောင်း၊ နှာ​ခေါင်း​ဆွဲ​ဘူး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျက် ဆောင်​ခဲ့​ပါ​ပြီ​ဟု လျှောက်​ဆို​လျှင်၊ 51 မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည်၊ ထို​ရွှေ​တည်း​ဟူ​သော လုပ်​ပြီး​သော​တန်​ဆာ ရှိ​သ​မျှ​တို့​ကို ခံ​ယူ​ကြ၏။ 52 ထို​သို့​စစ်​သူ​ရဲ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​အ​ဖို့​သိမ်း​ယူ၍၊ 53 တပ်​မှူး​များ၊ ဗိုလ်​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ရွှေ​ချိန်​ပေါင်း​ကား၊ တစ်​ရာ​ခြောက်​ဆယ်​ခု​နစ်​ပိဿာ​နှင့် အ​ကျပ်​ငါး​ဆယ်​ရှိ​သ​တည်း။ 54 တပ်​မှူး​များ၊ ဗိုလ်​များ​ပူ​ဇော်​သော​ရွှေ​ကို မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​တို့​သည်​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အောက်​မေ့​တော်​မူ​ဖို့​ရာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သွင်း​ထား​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-