Publicidade

Números 29

တံ​ပိုး​မှုတ်​ခြင်း​နေ့​သ​ကာ​များ

1 သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ တံ​ပိုး​မှုတ်​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။ 2 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။ 3 နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊ 4 သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။ 5 အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။ 6 ထို​သို့​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ လ​ဆန်း​နေ့​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နေ့​တိုင်း​ပြု​သော​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ယဇ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ရ​မည်။

အ​ပြစ်​ဖြေ​ရာ​နေ့​သ​ကာ​များ

7 ၎င်း​လ၊ ဒ​သ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။8 ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။ 9 နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊ 10 သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ 11 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​လည်း၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ထို​သို့​အ​ပြစ်​ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်၊ သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ထပ်၍​ပြု​ရ​မည်။

သ​ကေ​နေ​ပွဲ​တော်​သ​ကာ​များ

12 ၎င်း​လ တစ်​ဆယ်​ငါး​ရက်​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ဘဲ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​မည်။ 13 ပ​ထ​မ​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​ဆယ်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။ 14 နွား​ဆယ်​သုံး​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ​စီ၊ သိုး​နှစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် နှစ်​ဩ​မဲ​စီ၊ 15 သိုး​သ​ငယ်​ဆယ်​လေး​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ 16 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ထပ်၍​ပူ​ဇော်​ရ​မည်။ 17 ဒု​တိ​ယ​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​ဆယ်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊ 18 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 19 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။ 20 တ​တိ​ယ​နေ့၌၊ နွား​ထီး​ဆယ်​တစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊ 21 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 22 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။ 23 စ​တု​တ္ထ​နေ့၌ နွား​ထီး​ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊ 24 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 25 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။ 26 ပ​ဥ္စ​မ​နေ့၌ နွား​ထီး​ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊ 27 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 28 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။ 29 ဆ​ဋ္ဌ​မ​နေ့၌၊ နွား​ထီး​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊ 30 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 31 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။ 32 သ​တ္တ​မ​နေ့၌ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊ 33 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 34 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။ 35 အ​ဋ္ဌ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ 36 ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ 37 သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ 38 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။39 ထို​သို့​သ​စ္စာ​က​တိ​ရှိ၍ ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ချိန်း​ချက်​သော​ပွဲ​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား ထပ်၍​ပူ​ဇော်​ရ​မည်​ဟု မိန့်​တော်​မူ၏။ 40 ထို​သို့​မော​ရှေ​သည်၊ မိ​မိ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-