Publicidade

Números 28

ပုံ​မှန်​ပူ​ဇော်​ရ​သော​သ​ကာ​များ

1,2 တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ မီး​ဖြင့်​ပြု​သော ငါ၏​အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ အ​ချိန်​တန်​မှ ငါ့​အား​ပူ​ဇော်​ခြင်း​ငှာ သ​တိ​ပြု​ရ​ကြ​မည်။ 3 တစ်​ဖန် ဆင့်​ဆို​ရ​မည်​မှာ၊ နေ့​တိုင်း​အ​စဉ်​အ​မြဲ မီး​ရှို့​ရာ​ယဇ်​ဖို့၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်။ 4 နံ​နက်​ယံ၌ သိုး​သ​ငယ်​တစ်​ကောင်၊ ညဉ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ 5 သံ​လွင်​သီး​ကို ထောင်း၍​ရ​သော သံ​လွင်​ဆီ​သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း ပူ​ဇော်​ရ​မည်။ 6 ဤ​ရွေ့​ကား၊ သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​စဉ်​အ​မြဲ​ပြု​ရ​သော မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ 7 သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။ 8 အ​ခြား​သော​သိုး​သ​ငယ်​ကို ညဉ့်​ဦး​ယံ၌​ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့်​ပြည့်​စုံ၍ မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကို ပြု​ရ​မည်။

ဥ​ပုသ်​နေ့​သ​ကာ

9,10 နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ဥ​ပုသ်​နေ့​ရက်၌ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ပါ​လျက်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။

လ​ဆန်း​နေ့​သ​ကာ

11 လ​ဆန်း​တစ်​ရက်​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ 12 နွား​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ၊ 13 သိုး​သ​ငယ်​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် တစ်​ဩ​မဲ​စီ​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပူ​ဇော်၍ မီး​ရှို့​ရာ​ယဇ်​ကို ပြု​ရ​မည်။ 14 သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့​ကား၊ နွား​တစ်​ကောင်​နှင့် စ​ပျစ်​ရည်​ခြောက်​လော​ဃ၊ သိုး​တစ်​ကောင်​နှင့် လေး​လော​ဃ၊ သိုး​သ​ငယ်​တစ်​ကောင်​နှင့် သုံး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ ထို​သို့ လ​တိုင်း​အ​စဉ်​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။ 15 နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။

ပ​သ​ခါ​ပွဲ​တော်​သ​ကာ​များ

16 ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​သ​ခါ​ပွဲ​ဖြစ်၏။17 ၎င်း​လ​တစ်​ဆယ်​ငါး​ရက်​နေ့၌ ပွဲ​ကို​ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​ကြ​မည်။ 18 ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ 19 ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ယဇ်​တည်း​ဟူ​သော အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ 20 နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော မုန့်​ညက်​သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊ 21 သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။ 22 အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။ 23 နေ့​ရက်​အ​စဉ် နံ​နက်​တိုင်း​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​မှ​တစ်​ပါး၊ ထို​ယဇ်​များ​ကို ထပ်၍​ပူ​ဇော်​ရ​မည်။ 24 ထို​သို့ အ​စဉ်​အ​မြဲ​ပူ​ဇော်​သော​မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ခု​နစ်​ရက်​ပတ်​လုံး တစ်​နေ့​တစ်​နေ့​လျှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​ရ​မည်။ 25 သ​တ္တ​မ​နေ့၌​လည်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

ခု​နစ်​သီ​တင်း​သ​ကာ​များ

26 ထို​မှ​တစ်​ပါး၊ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​ပြီး​မှ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သော​နေ့၊ အ​ဦး​သီး​သော​အ​သီး​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ 27 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။ 28 နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊ 29 သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင်​တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။ 30 အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။ 31 ထို​သို့​အ​စဉ်​အ​မြဲ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​ပြစ်​မ​ပါ​သော ယဇ်​ကောင်​များ​တို့​ကို ထပ်၍​ပူ​ဇော်​ရ​မည်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-