Publicidade

Números 26

ဒု​တိ​ယ​အ​ကြိမ်​သန်း​ခေါင်​စာ​ရင်း

1 ထို​ဘေး​ငြိမ်း​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​က၊2 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ကြ​လော့​ဟု မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ 3 သူ​တို့​သည် မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌၊ 4 အ​သက်​နှစ်​ဆယ်​လွန်​သော​သူ​တို့​ကို စာ​ရင်း​ယူ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​ကြ၏။

5 အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဣ​သ​ရေ​လ၏ သား​ဦး​ရု​ဗင်၏​သား​ဟူ​မူ​ကား ဟာ​နုတ်​မှ​ဆင်း​သက်​သော ဟော​နော​ခိ​အ​ဆွေ​အ​မျိုး၊ ဖာ​လု​မှ​ဆင်း​သက်​သော ဖာ​လွိ​အ​ဆွေ​အ​မျိုး၊ 6 ဟေ​ဇ​ရုံ​မှ​ဆင်း​သက်​သော ဟေ​ဇ​ရော​နိ​အ​ဆွေ​အ​မျိုး၊ ကာ​မိ​မှ​ဆင်း​သက်​သော ကာ​မိတ်​အ​ဆွေ​အ​မျိုး​တည်း။ 7 ဤ​သူ​တို့​သည် ရု​ဗင်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ လေး​သောင်း​သုံး​ထောင်​ခု​နစ်​ရာ​သုံး​ဆယ်​ရှိ​သ​တည်း။ 8 ဖာ​လု၏​သား​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ၏​သား​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တည်း။ 9 ဤ​ဒါ​သန်၊ အ​ဘိ​ရံ​တို့​သည်​အ​ခြား​မ​ဟုတ်၊ ကော​ရ​အ​ပေါင်း​အ​သင်း​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​အ​ခါ၊ ပ​ရိ​သတ်၌​ကျော်​စော၍ မော​ရှေ​နှင့် အာ​ရုန်​ကို​ဆန့်​ကျင်​ဘက်​ပြု​သော ဒါ​သန်၊ အ​ဘိ​ရံ​ဖြစ်​ကြ၏။ 10 မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​ကို​လည်း​ကောင်း၊ ကော​ရ​ကို​လည်း​ကောင်း​မျို​သ​ဖြင့်၊ ထို​အ​ပေါင်း​အ​သင်း​ဝင်​သူ​တို့​သည် သေ​ကြ၏။ မီး​သည်​လည်း လူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို အ​သက်​ဆုံး​စေ၏။ ထို​သူ​တို့​သည် သ​တိ​ပေး​သော သက်​သေ​ဖြစ်​သ​တည်း။ 11 သို့​ရာ​တွင် ကော​ရ၏​သား​သ​မီး​တို့​သည် သေ​ဘေး​နှင့် လွတ်​ကြ၏။

12 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ရှိ​မောင်၏​သား​ဟူ​မူ​ကား၊ ယေ​မွေ​လ​မှ ဆင်း​သက်​သော ယေ​မွေ​လိ​အ​ဆွေ​အ​မျိုး၊ ယာ​မိန်​မှ​ဆင်း​သက်​သော ယာ​မိ​နိ​အ​ဆွေ​အ​မျိုး၊ ယာ​ခိန်​မှ​ဆင်း​သက်​သော ယာ​ခိ​နိ​အ​ဆွေ​အ​မျိုး၊ 13 ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး၊ ရှော​လ​မှ​ဆင်း​သက်​သော ရှော​လိ​အ​ဆွေ​အ​မျိုး​တည်း။ 14 ဤ​သူ​တို့​သည် ရှိ​မောင်​အ​ဆွေ​အ​မျိုး​ဖြစ်၍ လူ​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​သ​တည်း။

15 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဂဒ်၏​သား​ဟူ​မူ​ကား၊ ဇေ​ဖုန်​မှ​ဆင်း​သက်​သော ဇေ​ဖော​နိ​အ​ဆွေ​အ​မျိုး၊ ဟ​ဂ္ဂိ​မှ​ဆင်း​သက်​သော ဟ​ဂ္ဂိတ်​အ​ဆွေ​အ​မျိုး၊ ရှု​နိ​မှ​ဆင်း​သက်​သော ရှု​နိတ်​အ​ဆွေ​အ​မျိုး၊ 16 ဩ​ဇ​နိ​မှ​ဆင်း​သက်​သော ဩ​ဇ​နိတ်​အ​ဆွေ​အ​မျိုး၊ ဧ​ရိ​မှ​ဆင်း​သက်​သော ဧ​ရိတ်​အ​ဆွေ​အ​မျိုး၊ 17 အာ​ရုဒ်​မှ​ဆင်း​သက်​သော အာ​ရော​ဒိ​အ​ဆွေ​အ​မျိုး၊ အ​ရေ​လိ​မှ​ဆင်း​သက်​သော အ​ရေ​လိတ်​အ​ဆွေ​အ​မျိုး​တည်း။ 18 ဤ​သူ​တို့​သည် ဂဒ်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ လေး​သောင်း​ငါး​ရာ ရှိ​သ​တည်း။

19 ယု​ဒ၏​သား​ဟူ​မူ​ကား၊ ခါ​နာန်​ပြည်၌​သေ​သော​ဧ​ရ​နှင့် ဩ​နန်​အ​စ​ရှိ​သော၊ 20 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။ 21 ဖာ​ရဇ်၏​သား၊ ဟေ​ဇ​ရုံ​မှ​ဆင်း​သက်​သော ဟေ​ဇေ​ရော​နိ​အ​ဆွေ​အ​မျိုး၊ ဟာ​မု​လ​မှ​ဆင်း​သက်​သော ဟာ​မု​လိ​အ​ဆွေ​အ​မျိုး​တည်း။ 22 ဤ​သူ​တို့​သည်​ယု​ဒ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခု​နစ်​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​သ​တည်း။

23 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဣ​သ​ခါ၏​သား​ဟူ​မူ​ကား၊ တော​လ​မှ​ဆင်း​သက်​သော တော​လိ​အ​ဆွေ​အ​မျိုး၊ ဖု​ဝါ​မှ​ဆင်း​သက်​သော ဖု​ဝ​နိ​အ​ဆွေ​အ​မျိုး၊ 24 ယာ​ရှုပ်​မှ​ဆင်း​သက်​သော ယာ​ရှု​ဘိ​အ​ဆွေ​အ​မျိုး၊ ရှိ​မ​ရုန်​မှ​ဆင်း​သက်​သော ရှိ​မ​ရော​နိ​အ​ဆွေ​အ​မျိုး​တည်း။ 25 ဤ​သူ​တို့​သည် ဣ​သ​ခါ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခြောက်​သောင်း​လေး​ထောင်​သုံး​ရာ ရှိ​သ​တည်း။

26 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဇာ​ဗု​လုန်၏​သား​ဟူ​မူ​ကား၊ သ​ရက်​မှ​ဆင်း​သက်​သော သ​ရ​ဒိ​အ​ဆွေ​အ​မျိုး၊ ဧ​လုန်​မှ​ဆင်း​သက်​သော ဧ​လော​နိ​အ​ဆွေ​အ​မျိုး၊ ယာ​လေ​လ​မှ​ဆင်း​သက်​သော ယာ​လေ​လိ​အ​ဆွေ​အ​မျိုး​တည်း။ 27 ဤ​သူ​တို့​သည် ဇာ​ဗု​လုန်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခြောက်​သောင်း​ငါး​ရာ​ရှိ​သ​တည်း။

28 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​တွင် 29 မ​နာ​ရှေ၏​သား​ဟူ​မူ​ကား၊ မာ​ခိ​ရ​မှ​ဆင်း​သက်​သော မာ​ခိ​ရိ​အ​ဆွေ​အ​မျိုး၊ 30 ယေ​ဇေ​ရ​မှ​ဆင်း​သက်​သော ယေ​ဇေ​ရိ​အ​ဆွေ​အ​မျိုး၊ ဟေ​လက်​မှ ဆင်း​သက်​သော ဟေ​လ​ကိ​အ​ဆွေ​အ​မျိုး၊ 31 အ​သ​ရေ​လ​မှ​ဆင်း​သက်​သော အာ​သ​ရေ​လိ​အ​ဆွေ​အ​မျိုး၊ ရှေ​ခင်​မှ ဆင်း​သက်​သော ရှေ​ခေ​မိ​အ​ဆွေ​အ​မျိုး၊ 32 ရှ​မိ​ဒ​မှ​ဆင်း​သက်​သော ရှ​မိ​ဒိ​အ​ဆွေ​အ​မျိုး၊ ဟေ​ဖာ​မှ​ဆင်း​သက်​သော ဟေ​ဖေ​ရိ​အ​ဆွေ​အ​မျိုး​တည်း။ မာ​ခိ​ရ၏​သား​ဂိ​လဒ်​မှ​ဆင်း​သက်​သော ဂိ​လ​ဒိ​အ​ဆွေ​အ​မျိုး​တည်း။ 33 ဟေ​ဖာ၏​သား​ဇ​လော​ဖဒ်၌​ကား၊ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ​ရှိ၏။ ဇ​လော​ဖဒ်၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။ 34 ဤ​သူ​တို့​သည် မ​နာ​ရှေ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ငါး​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။

35 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဧ​ဖ​ရိမ်၏​သား​ဟူ​မူ​ကား၊ ရှု​သ​လ​မှ​ဆင်း​သက်​သော ရှု​သ​လိ​အ​ဆွေ​အ​မျိုး၊ ဗေ​ခါ​မှ​ဆင်း​သက်​သော ဗေ​ခ​ရိ​အ​ဆွေ​အ​မျိုး၊ တာ​ဟန်​မှ​ဆင်း​သက်​သော တာ​ဟ​နိ​အ​ဆွေ​အ​မျိုး​တည်း။ 36 ရှု​သေ​လ၏​သား ဧ​ရန်​မှ​ဆင်း​သက်​သော ဧ​ရ​နိ​အ​ဆွေ​အ​မျိုး​တည်း။ 37 ဤ​သူ​တို့​သည် ဧ​ဖ​ရိမ်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ သုံး​သောင်း​နှစ်​ထောင်​ငါး​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား​စဉ်​မြေး​ဆက် ဖြစ်​သ​တည်း။

38 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဗင်္ယာ​မိန်၏​သား​ဟူ​မူ​ကား၊ ဗေ​လ​မှ​ဆင်း​သက်​သော ဗေ​လိ​အ​ဆွေ​အ​မျိုး၊ အာ​ရှ​ဗေ​လ​မှ​ဆင်း​သက်​သော အာ​ရှ​ဗေ​လိ​အ​ဆွေ​အ​မျိုး၊ အ​ဟိ​ရံ​မှ​ဆင်း​သက်​သော အ​ဟိ​ရ​မိ​အ​ဆွေ​အ​မျိုး။ 39 ရှု​ဖံ​မှ​ဆင်း​သက်​သော ရှု​ဖ​မိ​အ​ဆွေ​အ​မျိုး၊ ဟု​ဖံ​မှ​ဆင်း​သက်​သော ဟု​ဖ​မိ​အ​ဆွေ​အ​မျိုး​တည်း။ 40 ဗေ​လ​သား​အာ​ရ​ဒ​မှ​ဆင်း​သက်​သော အာ​ရ​ဒိ​အ​ဆွေ​အ​မျိုး၊ နေ​မန်​မှ ဆင်း​သက်​သော နေ​မ​နိ​အ​ဆွေ​အ​မျိုး​တည်း။ 41 ဤ​သူ​တို့​သည် ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။

42 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဒန်၏​သား​ဟူ​မူ​ကား၊ ရှု​ဟံ​မှ​ဆင်း​သက်​သော ရှု​ဟ​မိ​အ​ဆွေ​အ​မျိုး​တည်း။ ဤ​သူ​တို့​သည် ဒန်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ 43 စာ​ရင်း​ဝင်​သော​ရှု​ဟ​မိ​လူ​ပေါင်း​ကား၊ ခြောက်​သောင်း​လေး​ထောင်​လေး​ရာ ရှိ​သ​တည်း။

44 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် အာ​ရှာ၏​သား​ဟူ​မူ​ကား၊ ယိ​မ​န​မှ​ဆင်း​သက်​သော ယိ​မ​နိ​အ​ဆွေ​အ​မျိုး၊ ယေ​သ​ဝိ​မှ​ဆင်း​သက်​သော ယေ​သ​ဝိတ်​အ​ဆွေ​အ​မျိုး၊ ဗေ​ရိ​မှ​ဆင်း​သက်​သော ဗေ​ရိတ်​အ​ဆွေ​အ​မျိုး​တည်း။ 45 ဗေ​ရိ၏​သား​ဟေ​ဗေ​ရ​မှ​ဆင်း​သက်​သော ဟေ​ဗေ​ရိ​အ​ဆွေ​အ​မျိုး၊ မာ​လ​ချေ​လ​မှ​ဆင်း​သက်​သော မာ​လ​ချေ​လိ​အ​ဆွေ​အ​မျိုး​တည်း။ 46 အာ​ရှာ၏​သ​မီး​အ​မည်​ကား၊ စာ​ရာ​တည်း။ 47 ဤ​သူ​တို့​သည်​အာ​ရှာ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​သ​တည်း။

48 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် နဿ​လိ၏​သား​ဟူ​မူ​ကား၊ ယာ​ဇေ​လ​မှ​ဆင်း​သက်​သော ယာ​ဇေ​လိ​အ​ဆွေ​အ​မျိုး၊ ဂု​နိ​မှ​ဆင်း​သက်​သော ဂု​နိတ်​အ​ဆွေ​အ​မျိုး၊ 49 ယေ​ဇေ​ရ​မှ​ဆင်း​သက်​သော ယေ​ဇေ​ရိ​အ​ဆွေ​အ​မျိုး၊ ရှိ​လ္လင်​မှ​ဆင်း​သက်​သော ရှိ​လ္လ​မိ​အ​ဆွေ​အ​မျိုး​တည်း။ 50 ဤ​သူ​တို့​သည် နဿ​လိ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ လေး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​သ​တည်း။ 51 ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး၊ စာ​ရင်း​ဝင်​သူ​လူ​ပေါင်း​ကား ခြောက်​သိန်း​တစ်​ထောင်​ခု​နစ်​ရာ​သုံး​ဆယ် ရှိ​သ​တည်း။

52,53 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​တို့​အား အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ ခါ​နန်​ပြည်​ကို​ဝေ​ရ​မည်။ 54 လူ​များ​လျှင်​များ​သော​အ​မွေ​မြေ​ကို​လည်း​ကောင်း၊ လူ​နည်း​လျှင် နည်း​သော အ​မွေ​မြေ​ကို​လည်း​ကောင်း၊ အ​နည်း​အ​များ​အ​လိုက် အ​သီး​အ​သီး​တို့​အား အ​မွေ​မြေ​ကို​ဝေ​ပေး​ရ​မည်။ 55 သို့​ရာ​တွင် ထို​ပြည်​ကို စာ​ရေး​တံ​ချ၍ ဝေ​ရ​မည်။ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။ 56 စာ​ရေး​တံ​ကျ​သည်​အ​တိုင်း မြေ​ကို​ဝေ၍ အ​နည်း​အ​များ​အ​လိုက် ပိုင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

57 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော လေ​ဝိ၏​သား​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​သော ဂေ​ရ​ရှော​နိ​အ​ဆွေ​အ​မျိုး၊ ကော​ဟတ်​မှ​ဆင်း​သက်​သော ကော​ဟ​သိ​အ​ဆွေ​အ​မျိုး၊ မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မေ​ရော​ရိတ်​အ​ဆွေ​အ​မျိုး​တည်း။ 58 ဤ​သည်​လျှင် လေ​ဝိ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ဟေ​ဗြော​နိ အ​ဆွေ​အ​မျိုး၊ မာ​လိ​အ​ဆွေ​အ​မျိုး၊ မု​ရှိ​အ​ဆွေ​အ​မျိုး၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး ပါ​သ​တည်း။ ကော​ဟတ်၏​သား​ကား၊ အာ​မ​ရံ​တည်း။ 59 အာ​မ​ရံ၏​မ​ယား​ကား၊ အဲ​ဂု​တ္တု​ပြည်၌ လေ​ဝိ​မ​ယား​ဖွား​မြင်​သော လေ​ဝိ၏​သ​မီး​ယော​ခေ​ဗက်​တည်း။ ထို​မိန်း​မ​သည် အာ​မ​ရံ၏​မ​ယား​ဖြစ်၍၊ အာ​ရုန်၊ မော​ရှေ၊ နှ​မ​မိ​ရိ​အံ​တို့​ကို​ဖွား​မြင်​လေ၏။ 60 အာ​ရုန်၏​သား​ကား၊ နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။61 နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို ပူ​ဇော်​သော​အ​ခါ သေ​ကြ၏။62 အ​သက်​တစ်​လ​လွန်၍ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​ယောက်ျား​ပေါင်း​ကား၊ နှစ်​သောင်း​သုံး​ထောင် ရှိ​သ​တည်း။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​သော​ကြောင့်၊ ရော​နှော၍​စာ​ရင်း မ​ဝင်​ရ​ကြ။ 63 ဤ​ရွေ့​ကား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည်၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌​စာ​ရင်း​ယူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပေ​တည်း။ 64 မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​တို့​သည်၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍၊ ထို​စာ​ရင်း၌​ဝင်​သော​သူ တစ်​ယောက်​မျှ​မ​ပါ။ 65 အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည်​တော၌ အ​မှန်​သေ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ ယေ​ဖု​န္နာ၏​သား​ကာ​လက်​နှင့် နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး၊ အ​ရင်​လူ​တစ်​ယောက်​မျှ မ​ကြွင်း​မ​ကျန်​ရ။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-