Publicidade

Números 22

ဗာ​လမ်​ကို​ဆ​င့်​ခေါ်​ခြင်း

1 တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။ 2 အာ​မော​ရိ​အ​မျိုး​သား​တို့၌​ပြု​ကြ​သော အ​မှု​အ​လုံး​စုံ​ကို၊ ဇိ​ဖော်​သား ဗာ​လက်​မင်း​သိ​မြင်​လျှင်၊ 3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် များ​ပြား​သော​ကြောင့်၊ မော​ဘ​ပြည်​သား​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ၍၊ 4 နွား​သည် မြက်​ပင်​ကို​လှမ်း၍​စား​သ​ကဲ့​သို့ ဤ​အ​လုံး​အ​ရင်း​သည် ငါ​တို့​ပတ်​လည်၌​ရှိ​သ​မျှ​ကို လှမ်း၍​စား​လိမ့်​မည်​ဟု ပူ​ပန်​သော​စိတ်​ရှိ​လျက်၊ မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ဆို​ကြ၏။ ထို​အ​ခါ ဇိ​ဖော်​သား​ဗာ​လက်​သည်၊ မော​ဘ​ရှင်​ဘု​ရင်​ဖြစ်​သည်​နှင့်၊ 5 အ​မ္မုန်​ပြည်၌​စီး​သော မြစ်၏​အ​နား​မှာ​ရှိ​သော ပေ​သော်​မြို့​နေ ဗော​ရ​သား​ဗာ​လမ်​ကို ခေါ်​ပင့်​ခြင်း​ငှာ၊ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ရောက်​လာ​သော လူ​တစ်​မျိုး​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​လျက် ငါ့​အ​နား၌​နေ​ရာ​ချ​ကြ​ပြီ။6 သို့​ဖြစ်၍၊ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​သည် ငါ့​ထက်​အား​ကြီး​သော​ကြောင့် သူ​တို့​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင် သူ​တို့​ကို​ငါ​တိုက်၍ ငါ့​ပြည်​မှ​နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်။ ကိုယ်​တော်​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​အပ်​သော​သူ ဖြစ်​သည်​ကို​လည်း​ကောင်း​ငါ​သိ​သည်​ဟု မှာ​လိုက်​လေ၏။ 7 မော​ဘ​ပြည်​သား​အ​သက်​ကြီး​သူ​တို့​နှင့် မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ပြု​စား​ခြင်း​လက်​ဆောင်​ပါ​လျက် သွား၍၊ ဗာ​လမ်​ထံ​သို့​ရောက်​သော​အ​ခါ၊ ဗာ​လက်​မင်း​စ​ကား​ကို ကြား​လျှောက်​လေ၏။ 8 ဗာ​လမ်​က၊ ယ​နေ့​ည​မှာ ဤ​အ​ရပ်၌​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည်​ဟု​ဆို​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​သည် ဗာ​လမ်​ထံ​မှာ​နေ​ကြ၏။ 9 ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ သင်၌​ရှိ​သော ဤ​လူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ​လျှင်၊ 10 ဗာ​လမ်​က၊ မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​သား​ဗာ​လက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လူ​ကို​စေ​လွှတ်၍၊ 11 အဲ​ဂု​တ္တု​ပြည်​မှ ရောက်​လာ​သော​လူ​အ​များ​သည်၊ မြေ​မျက်​နှာ​ကို ဖုံး​လွှမ်း​လျက်​နေ​ကြ​ပြီ။ သို့​ဖြစ်၍ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင်၊ သူ​တို့​ကို​ငါ​တိုက်၍ နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်​ဟု ခေါ်​ပင့်​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​အား​လျှောက်​ဆို၏။ 12 ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ဤ​လူ​တို့​နှင့်​အ​တူ မ​လိုက်​မ​သွား​ရ။ ထို​လူ​မျိုး​ကို မ​ကျိန်​ဆဲ​ရ။ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​လူ​မျိုး​ဖြစ်​သည်​ဟု ဗာ​လမ်​အား​မိန့်​တော်​မူ၏။ 13 နံ​နက်​ရောက်​မှ၊ ဗာ​လမ်​သည်​ထ၍ သင်​တို့​သည် ကိုယ်​ပြည်​သို့ ပြန်​သွား​ကြ​ပါ​လော့။ သင်​တို့​နှင့်​အ​တူ ငါ​လိုက်​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ​ဟု ဗာ​လက်​မင်း​စေ​လွှတ်​သော အ​ရာ​ရှိ​တို့​အား ပြန်​ပြော​လေ၏။ 14 ထို​အ​ခါ မော​ဘ​ပြည်​အ​ရာ​ရှိ​တို့​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်​သွား၍၊ ဗာ​လမ်​သည် ကျွန်​တော်​တို့​နှင့် အ​တူ​မ​လိုက်​လို​ပါ​ဟု လျှောက်​ကြ၏။

15 တစ်​ဖန် ဗာ​လက်​မင်း​သည်၊ အ​ရင်​ထက်​အ​ရေ​အ​တွက်​အား​ဖြင့်​များ၍ အ​ရာ​အား​ဖြင့် ဘုန်း​ကြီး​သော​မှူး​မတ်​တို့​ကို စေ​လွှတ်​ပြန်​သည်​အ​တိုင်း၊ 16 သူ​တို့​သည် ဗာ​လမ်​ထံ​သို့​ရောက်​လာ၍ ဇိ​ဖော်​သား​ဗာ​လက်​မင်း​က၊ ကိုယ်​တော်​သည် ငါ့​ထံ​သို့​မ​လာ​မည်​အ​ကြောင်း အ​ဘယ်​အ​ဆီး​အ​တား​မျှ မ​ရှိ​ပါ​စေ​နှင့်။ 17 ငါ​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​မည်။ ကိုယ်​တော်​တောင်း​သ​မျှ​ကို ပေး​မည်။ သို့​ဖြစ်၍​ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​ကြ၏။ 18 ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လွန်​ကျူး၍ အ​မှု​အ​ကြီး​အ​ငယ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ပြု​နိုင်။ 19 သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့​ထပ်၍​မိန့်​တော်​မူ​မည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ယ​နေ့​ည​မှာ ဤ​အ​ရပ်၌​နေ​ကြ​ပါ​ဦး​ဟု ဗာ​လက်​မင်း​ကျွန်​တို့​အား ပြန်​ပြော၏။ 20 ည​အ​ချိန်၌ ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ ထို​လူ​တို့​သည် သင့်​ကို​ခေါ်​ခြင်း​ငှာ​လာ​လျှင်၊ သူ​တို့​နှင့်​အ​တူ ထ၍​လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​သာ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။ 21 နံ​နက်​ရောက်​မှ ဗာ​လမ်​ထ၍ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​နှင့်​အ​တူ လိုက်​လေ၏။

ကောင်း​ကင်​တ​မန်​နှင့်​ဗာ​လမ်၏​မြည်း

22 ထို​သို့​လိုက်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​အ​မျက်​တော်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဆီး​တား​ခြင်း​ငှာ လမ်း၌​ရပ်​နေ၏။ ထို​အ​ခါ ဗာ​လမ်​သည် မြည်း​ကို​စီး၍ ငယ်​သား​နှစ်​ယောက်​နှင့် သွား​စဉ်​တွင်၊ 23 ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌ ရပ်​နေ​သည်​ကို မြည်း​သည်​မြင်​လျှင်၊ လမ်း​လွှဲ၍ လယ်​သို့​ဝင်​လေ၏။ ဗာ​လမ်​လည်း မြည်း​ကို​လမ်း​သို့​ပြန်​စေ​ခြင်း​ငှာ ရိုက်​လေ၏။ 24 ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ စ​ပျစ်​ဥ​ယျာဉ်​စောင်​ရန်း​နှစ်​ဘက်​စပ်​ကြား​လမ်း၌ တစ်​ဖန်​ရပ်​နေ၏။ 25 ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မြည်း​သည်​မြင်​ပြန်​သော​အ​ခါ၊ စောင်​ရန်း​တစ်​ဖက်၌​တိုး၍ ဗာ​လမ်၏​ခြေ​ကို ဖိ​လေ၏။ ဗာ​လမ်​လည်း တစ်​ဖန်​ရိုက်​ပြန်​လေ၏။ 26 ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် လွန်​သွား၍ လမ်း​တစ်​ဖက်​ဖက်​မျှ မ​လွှဲ​နိုင်​အောင် ကျဉ်း​မြောင်း​သော​အ​ရပ်၌ ရပ်​နေ၏။ 27 မြည်း​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ကို မြင်​ပြန်​သော​အ​ခါ၊ ဗာ​လမ်​အောက်၌ ဝပ်​လျက်​နေ၏။ ဗာ​လမ်​သည်​အ​မျက်​ထွက်၍ တောင်​ဝှေး​နှင့် မြည်း​ကို​ရိုက်​လေ၏။ 28 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မြည်း၏​နှုတ်​ကို​ဖွင့်​တော်​မူ၍၊ မြည်း​က သင်​သည် ငါ့​ကို​သုံး​ကြိမ်​တိုင်​အောင် ရိုက်​ရ​မည်​အ​ကြောင်း၊ ငါ​သည်​သင်၌ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု ဗာ​လမ်​အား​မေး​လျှင်၊ 29 ဗာ​လမ်​က၊ သင်​သည် ငါ့​ကို​ကျီ​စား​ပါ​သည်​တ​ကား။ ငါ၌​ဓား​ရှိ​ပါ​စေ​သော။ ဓား​ရှိ​လျှင် သင့်​ကို​ယ​ခု​သတ်​မည်​ဟု မြည်း​အား​ဆို၏။ 30 မြည်း​က​လည်း၊ ငါ​သည်​ယ​နေ့​တိုင်​အောင် သင်၏​အ​စီး​ကို အ​စဉ်​ခံ​ရ​သော သင်၏​မြည်း​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၌​တစ်​ခါ​မျှ ဤ​သို့​ငါ​ပြု​ဖူး​သ​လော​ဟု ဗာ​လမ်​အား​မေး​လျှင်၊ မ​ပြု​ဘူး​ဟု ပြန်​ပြော၏။ 31 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​မျက်​စိ​ကို​ဖွင့်​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌​ရပ်​နေ​သည်​ကို ဗာ​လမ်​သည်​မြင်​သ​ဖြင့် ဦး​ချ၍​ပျပ်​ဝပ်​လေ၏။ 32 ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏​မြည်း​ကို သုံး​ကြိမ်​တိုင်​အောင် အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း။ သင်​သွား​သော​လမ်း​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော​ကြောင့်၊ သင့်​ကို​ဆီး​တား​ခြင်း​ငှာ ငါ​ထွက်​လာ​ပြီ။ 33 မြည်း​သည်​ငါ့​ကို​မြင်၍ သုံး​ကြိမ်​ရှောင်​ခဲ့​ပြီ။ ထို​သို့​မ​ရှောင်​လျှင်၊ အ​ကယ်​စင်​စစ် သင့်​ကို​ငါ​သတ်၍ မြည်း​ကို​အ​သက်​ချမ်း​သာ​ပေး​လေ​ပြီ​ဟု ဆို၏။ 34 ဗာ​လမ်​က​လည်း၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​သည် လမ်း၌ ကန့်​လန့်​နေ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ပါ။ ယ​ခု​မှာ အ​လို​တော်​မ​ရှိ​လျှင် အ​ကျွန်ုပ်​ပြန်​သွား​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား​ဆို​လျှင်၊ 35 ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သူ​တို့​နှင့်​အ​တူ လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သော​စ​ကား​ကို​သာ ဟော​ပြော​ရ​မည်​ဟု ဗာ​လမ်​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် ဗာ​လက်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ လိုက်​သွား​လေ၏။

ဗာ​လမ်​အား​ဗာ​လက်​ကြို​ဆို​ခြင်း

36 ဗာ​လမ်​ရောက်​သော​သ​တင်း​ကို ဗာ​လက်​မင်း​ကြား​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ၊ မော​ဘ​ပြည်​စွန် အာ​နုန်​ချောင်း​နား​မှာ​ရှိ​သော မြို့​တစ်​မြို့​သို့​ထွက်​သွား၏။ 37 ဗာ​လက်​မင်း​က​လည်း၊ ကိုယ်​တော်​ကို​ခေါ်​ပင့်​စေ​ခြင်း​ငှာ ငါ​သည် အ​ထပ်​ထပ်​စေ​လွှတ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် နှေး​ပါ​သ​နည်း။ ကိုယ်​တော်​ကို ငါ​ချီး​မြှောက်​နိုင်​သည် မ​ဟုတ်​လော​ဟု ဗာ​လမ်​အား​ဆို​လျှင်၊ 38 ဗာ​လမ်​က၊ မင်း​ကြီး​ထံ​သို့ ငါ​လာ​ပါ​ပြီ။ သို့​ရာ​တွင် ငါ​သည်​စ​ကား​တ​ခွန်း​ကို​မျှ ပြော​ပိုင်​သ​လော။ ငါ့​နှုတ်၌ ဘု​ရား​သ​ခင်​ထား​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြော​ပါ​မည်​ဟု ပြန်​ပြော​ပြီး​မှ၊ 39 ဗာ​လက်​မင်း​နှင့်​အ​တူ​လိုက်၍ ကိ​ရ​ယဿု​ဇုတ်​မြို့​သို့ ရောက်​ကြ၏။ 40 ဗာ​လက်​မင်း​သည်​လည်း၊ သိုး​နွား​တို့​ကို​ပူ​ဇော်၍ ဗာ​လမ်​နှင့် အ​ရာ​ရှိ​တို့​အား​ပေး​လိုက်​လေ၏။

ဗာ​လမ်​၏​ပ​ထ​မ​ဗျာ​ဒိတ်

41 နက်​ဖြန်​နေ့၌ ဗာ​လက်​မင်း​သည် ဗာ​လမ်​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင်​ပြ​ခြင်း​ငှာ ဗာ​လ​ဘု​ရား​နှင့်​ဆိုင်​သော ကုန်း​ရိုး​ပေါ်​သို့ ပို့​ဆောင်​လေ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-