A segunda vinda de Cristo
A segunda vinda de Cristo é a esperança suprema da Igreja. Jesus prometeu que voltará com poder e grande glória para julgar os vivos e os mortos e estabelecer seu Reino eterno.
A promessa do retorno
Jesus prometeu voltar. Os anjos declararam que Ele virá da mesma forma como ascendeu. A Igreja aguarda esse dia glorioso com expectativa.
"ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်" ဟု ဆိုကြအယ်။
ဟေလို့ ကိုယ်တော် တက်ကြွစဉ် တမန်တော်လို့ဟ မိုးခေါန်းခင်ဟို အာရုံစိုက်ယွေ့ ကျေ့နေကြရာ၊ အချိန်မှာ အဝတ် အဖြူဝတ်ထားသော လူနေယောက်ဟ ခုတုံး သူလို့ဖေးနားတွင် ရပ်နေကြအယ်၊ "ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်" ဟု ဆိုကြအယ်။
ယေရှုဟ ခမည်းတော်ဆေဟို သွားသောလမ်း
ယေရှုဟ "နင်လို့ စိတ်နေလုံးပူပန်ခြင်း မဆိစေနဲ့။ ဘုရားသခင်ဟို ယုံကြည်ကြလော့၊ ငါ့ဟိုလည်း ယုံကြည်ကြလော့။ ငါ့အဖရဲ့ အိုင်တော်နှိုက် နေစရာအခန်း ရမ်းဆာ့ ဆိအယ်၊ မဆိရင် မဆိကျောန်း နင်လို့အား ငါ ပြောခဲ့လိမ့်မယ်၊ နင်လို့အတွက် နေစရာပြင်ဆင်ရန် ငါသွားရမယ်။ အဲသို့သွားယွေ့ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆိရာအရပ်နှိုက် နင်လို့လည်း ဆိစေရန် ပြန်လာယွေ့ နင်လို့အား ငါ့နဲ့အတူဆိစေရန် သိမ်းဆည်းမယ်။
ဟေအကျောန်းအရာများဟို သက်သေခံသောသူဟ "မန်အယ်၊ ငါဟ အလျင်အမြန် လာမယ်" ဟု မိန့်အယ်။
အာမင်၊ သခင် ယေရှု ကြွလာမန့်။
ဟေအကျောန်းအရာများဟို သက်သေခံသောသူဟ "မန်အယ်၊ ငါဟ အလျင်အမြန် လာမယ်" ဟု မိန့်အယ်။
အာမင်၊ သခင် ယေရှု ကြွလာမန့်။
ယေရှုဟ "ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။
Os sinais dos tempos
Jesus descreveu os sinais que precederão sua volta: falsos profetas, guerras, fome, terremotos e tribulação. Devemos discernir os tempos sem nos alarmar.
ဆင်းရဲဒုက္ခများနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများ
ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း "ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ" ဟု ဆှောက်ထားကြအယ်။
ယေရှုဟ "နင်လို့အား စသူမျှ မလှည့်စားစေရန် သတိပြုလော့။ အကျောန်းမှာ ရမ်းဆာ့သော လူလို့ဟ ငါ့ရဲ့နာမဟို ခံယူသုံးစွဲယွေ့ ရောက်လာကာ ‘ငါဟ မေဆှိယ ဖြစ်အယ်’ ဟု ပြောပင်း လူများလို့ဟို ဝါကြလိမ့်မယ်။ နင်လို့ဟ စစ်ပွဲများအကျောန်းနဲ့ စစ်မက်သတင်းများဟို ကြားကြပေမဲ့ သတိပြုလျက် မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဖြစ်ပျက်ရပေမဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်ဟ မရောက်သေး။
"အေးနောက် လူတို့ဟ နင်လို့ဟို နှိပ်စက်ရန် အပ်နှံယွေ့ သတ်ဖြတ်ကြပင်း နင်လို့ဟ ငါရဲ့နာမကျောန့် လူမျိုးအပေါင်းလို့ဟ နင်လို့ဟို မုန်းကြလိမ့်မယ်။ အေးကာလနှိုက် ရမ်းဆာ့သောလူလို့ဟ ယုံကြည်ခြင်း လမ်းလွဲကြလျက် အချင်းချင်း တယောက်ဟိုတယောက် မုန်းပင်း သစ္စာဖောက်ကြလိမ့်မယ်။ ရမ်းဆာ့သော ပရောဖက်အတုအယောင်လို့ဟ ပေါ်လာပင်း လူများစွာလို့ဟို ဝါကြလိမ့်မယ်။
မတရားအမှုလို့ဟ များပြားသောကျောန့် လူတို့တွင် ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်း ခံရလိမ့်မယ်။
နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။
အကျောန်းမှာ ရမ်းဆာ့သော ဆင်းရဲဒုက္ခကျရောက် လာလိမ့်မယ်။ အေးမျှဆိုးရွားသော ဆင်းရဲဒုက္ခမျိူးဟို ကမ္ဘာဦးမှစယွေ့ ပစာကာလနှိုက်မျှ လူတို့ မကြုံစဖူး၊ နောင်ကာလနှိုက်လည်း တွေ့ကြုံရကြမယ် မဟုတ်။ အေးနေ့ရက်ကာလဟို တိုစေတော်မမူရင် စသူမျှ အသက်ဘေးမှ ကင်းလွတ်နိန်လိမ့်မယ် မဟုတ်။ အကျောန်းမှာ မိမိရွေးချယ်ထားသော သူများအဖို့အလို့ငှာ အေးနေ့ရက်ကာလဟို တိုစေလိမ့်မယ်။"
"အေးအချိန်နှိုက် တစုံတယောက်ဟ ‘ကျေ့လော့၊ ဟေအရပ်တွင် မေဆှိယ ဆိအယ်’ အဲဟာမဟုတ်ရင် ‘အေးအရပ်တွင် ဆိအယ်’ ဟု ဆိုလျှင် — မယုံကြနဲ့။ အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။ နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။
"အေးအချိန်နှိုက် တစုံတယောက်ဟ ‘ကျေ့လော့၊ ဟေအရပ်တွင် မေဆှိယ ဆိအယ်’ အဲဟာမဟုတ်ရင် ‘အေးအရပ်တွင် ဆိအယ်’ ဟု ဆိုလျှင် — မယုံကြနဲ့။ အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။ နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။
"အဲလိုမို့ လူတို့ဟ ‘ကျေ့လော့၊ ကိုယ်တော်ဟ တောကန္တာရတွင် ဆိအယ်’ ဟု ဆိုလျှင် မသွားကြနဲ့ အဲဟာမဟုတ်ရင် ‘ကျေ့လော့၊ အိပ်ခန်းထဲမှာ ဆိအယ်’ ဟု ဆိုလျှင်လည်း မယုံကြနဲ့။
အပင်နဲ့ အသီး
"မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
လူမျိုးတမျိုးနဲ့ တမျိုး၊ တနိုင်ငံနဲ့ တနိုင်ငံ ရန်ဖက်ပြုကြလိမ့်မယ်။ နေရာအနှံ့အပြားတွင် မြေငလျင်လှုပ်ယွေ့ အစာငတ်မွတ် ခေါင်းပါးမှုများ ဖြစ်လိမ့်မယ်။ အဲဒါတွေဟ သားဖွားခြင်း ဝေဒနာရဲ့အစ ဖြစ်အယ်။
"နင်လို့တတ်တိုင်းဟလည်း သတိထားရမယ်။ နင့်ဟို ဖမ်းပင်း တရားရုံးသို့ ခေါ်သွားကြလိမ့်မယ်။ တရားဇရပ်များနှိုက် နင်အရိုက်ခံရလိမ့်မယ်၊ နင်လို့ဟာ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဆှင်ဘုရင်များရဲ့ ဆေ့နှိုက်ရပ်ယွေ့ သတင်းကောင်းဟို ပြောရကြလိမ့်မယ်။ အဲလိုလဲ အဆုံးချိန်မရောက်ခင်၊ သတင်းကောင်းဟို လူမျိုးအပေါင်းလို့အား ဟောပြောရကြမယ်။
လူတွေဟ သေစေရန် သူလို့ရဲ့ ညီအကိုလို့ဟို လက်သို့ အပ်ကြလိမ့်မယ်၊ ပင်းတော့ အဖဟလည်း လူပဲ့ငယ်များအား သေစေရန် အေးနည်းအတိုင်း ပြုကြလိမ့်မယ်။ လူပဲ့လို့ဟလည်း မိဘများဟို ဆန့်ကျင်ယွေ့ သူလို့ဟို သေစေရန် ပြုကြလိမ့်မယ်။ ငါအတွက်ကျောန့် လူတိုင်း နင်လို့ဟို မုန်းလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သောစသူမဆို ကယ်တင်ခြင်းဟို ခံရလိမ့်မယ်။
နေရာအနှံ့အပြားတွင် မြေငလျင်ပြင်းထန်စွာ လှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါကပ်ဆိုက်ခြင်းလို့ ဖြစ်လိမ့်မယ်၊ ခေါန်းခင်တွင် ကြောက်မက်ဖွယ်သောအရာများနဲ့ ကြီးစွာသော နိမိတ်လို့ဟ ပေါ်ထွန်းကြလိမ့်မယ်။
A vinda gloriosa
Cristo virá nas nuvens com poder e grande glória, enviará seus anjos e reunirá seus escolhidos dos quatro ventos.
လူသားကြွလာခြင်း
"အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။ အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။ အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။
သင်္ဘောသဖန်းပင် ပုံဥပမာ
"သင်္ဘောသဖန်းပင်မှ ပုံဥပမာဟို သင်ယူကြလော့။ အေးအပင်တွင် အကိုင်းအညှောက်ထွက်ယွေ့ အရွက်ပေါက်သောအခါ နွေကာလ ရောက်ခါနီးဟို နင်လို့ သိကြအယ်။ အေးနည်းတူစွာ နင်လို့ဟလည်း အဲအရာများ မျော်သောအခါ လူသားဟ နင်လို့အနီး ထင်ခါးဝသို့ပင် ရောက်ဆိနေပီ ဟု သိမှတ်ကြလော့။
အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။
လူသားကြွလာမယ့်အကျောန်း
"အဲအခါ နေ၊ လ၊ ကြယ်နက္ခတ်လို့နှိုက် ထူးဆန်းသော နိမိတ်များ ထင်ဆှားလိမ့်မယ်။ ကမ္ဘာပေါ်တွင် လူမျိုးအပေါင်းလို့ဟ ပင်လယ်လှိုင်းတံပိုးကြီးခြင်းကျောန့် ကြောက်ရွံ့စိတ်ပျက်ကြလိမ့်မယ်။ လူလို့ဟ ကမ္ဘာပေါ်တွင် ဖြစ်လာလိမ့်မယ်ဖြစ်သော ဘေးများဟို တွေးမျော်ယွေ့ ကြောက်လန့်ကာ မူးဝေကြလိမ့်မယ်၊ အံ့ဖွယ်သော ခေါန်းခင်နက္ခတ်တာရာလို့ဟ တုန်လှုပ်ကြလိမ့်မယ်။ အဲအခါ မိုးချေးသားဟို စီးယွေ့ ကြီးစွာသော ဘုန်းတန်ခိုးဟို ဆောင်လျက် လူသားကြွလာတာဟို မျော်ရလိမ့်မယ်။ ဟေအမှုအရာများ ဖြစ်ပျက်လာသောအခါ နင်လို့အား ရွေးနှုတ်ကယ်တင်မယ့် အချိန်ကာလဟ နီးကပ်လာပီ ဖြစ်သောကျောန့် နင်လို့ ခေါင်းဟို မော့ယွေ့ မျော်ကျေ့ကြလော့" ဟု ပြောလေအယ်။
အဲအခါ မိုးချေးသားဟို စီးယွေ့ ကြီးစွာသော ဘုန်းတန်ခိုးဟို ဆောင်လျက် လူသားကြွလာတာဟို မျော်ရလိမ့်မယ်။
အဲအခါ လူသားဟ ကြီးစွာသော တန်ခိုးတော်နဲ့ ဘုန်းအသရေလို့ဖြင့် မိုးချေးသားများထဲမှ ကြွလာလိမ့်မယ်။ လူသားဟ မြေကြီးစွန်းမှ ခေါန်းခင်စွန်းတိုင်အောန် ဘုရားသခင် ရွေးချယ်ထားသော လူများဟို စုသိမ်းရန် အရပ်လေးမျက်နှာသို့ ခေါန်းခင်တမန်များဟို စေလွှတ်မယ်။
ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။ အေးနောက် အသက်ဆှင်လျက် ကျန်ရစ်သော ငါလို့ဟ အာကာသခေါန်းခင်နှိုက် သခင်ဘုရားနဲ့တွေ့ဆုံရန် အေးသူလို့နဲ့အတူ မိုးချေးသားအားဖြင့် ချီဆောင်ခြင်း ခံရကြလိမ့်မယ်။ ဟေလို့ဖြင့် ငါလို့ဟ သခင်ဘုရားနဲ့ အမြဲတမ်းနေရကြလိမ့်မယ်။ အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။
Vigilância e preparo
Ninguém sabe o dia nem a hora. Jesus nos ordena a vigiar, orar e estar prontos, pois Ele virá quando menos esperamos.
သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
အဲလိုမို့ လူသားဟ နင်လို့ မထင်မှတ်သော အချိန်နှိုက် ကြွလာမယ် ဖြစ်ယွေ့ နင်လို့ဟလည်း အဆင့်သင့်ဆိနေကြလော့။
သတိနဲ့ စောင့်နေရန် လိုအပ်ခြင်း
"နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။ အေးနေ့ရက်ဟ ကမ္ဘာပေါ်ဆိ လူအပေါင်းလို့ အပေါ်ဟို ရောက်လာလိမ့်မယ်။ အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့" ဟု ပြောလေအယ်။
ဘုရားသခင်ရဲ့ ဆုကျေးဇူးဖြစ်သော ကောင်းသော စီမံခန့်ခွဲသူများ
ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။
ငါလို့ သခင် ယေရှု ခရစ်တော် ပေါ်ထွန်းလာမဲ့ အချိန်ဟို စောင့်မျှော်နေသလို နင်လို့ မခံရလဲ့ ကောင်းချီးမင်္ဂလာ တစုံတခုမျှ မဆိ။ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နေ့နှိုက် နင်လို့ဟ အပစ်တင်ခွင့်နဲ့ ကင်းလွတ်စေမဲ့အကျောန်း ကိုယ်တော်ဟ နင်လို့အား အဆုံးတိုင်အောန် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
A esperança bendita
A aguardamos a bendita esperança e a manifestação da glória do nosso grande Deus e Salvador Jesus Cristo.
အကျောန်းမှာ လူအပေါင်းလို့ဟို ကယ်တင်သော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပေါ်ထွန်းပင်း၊ ငါလို့အား ဘုရားတရားမဲ့ခြင်းနဲ့ လောကီတပ်မက်ခြင်းလို့ဟို စွန့်ပယ်ယွေ့ ဟေလောကတွင် ဘုရားဝတ်နှိုက် မွေ့လျော်စွာ၊ သင့်တင့်လျောက်ပတ်စွာနဲ့ ဖြောင့်မတ်စွာ အသက်ဆှင်ရန်လည်းကောင်း၊ ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။ ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။
အဲလိုမို့ နင်လို့တွင် ဟေကောင်းမြတ်လဲ့အမှုဟို စတင်ပြုသော ဘုရားသခင်ဟ ခရစ်တော် ယေရှုရဲ့ နေ့ရက်တိုင်ခင် အဲအမှုဟို ပီးစီးလဲ့တိုင်အောန် ပြုလိမ့်မယ်ဟု ငါ ယုံကြည်စိတ်ချအယ်။
ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။
အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။ အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။
"ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်" ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။
ငါဟ အလျင်အမြန် လာမယ်။ နင်ရဲ့ သရဖူဟို စသူမျှ မလုမယူစေရန် နင်နှိုက် ဆိသောအရာဟို စွဲကိုင်ထားလော့။
အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။
အဲကျောန့် လူပဲ့သငယ်လို့၊ ငါလို့ဟ ကိုယ်တော်ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆိယွေ့ ကိုယ်တော်ကြွလာလဲ့တိုင်အောန် ဆေ့တော်နှိုက် ဆှက်ကြောက်ခြင်း မဆိစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.