Sexo
A Bíblia trata a sexualidade como um presente de Deus para o contexto do casamento. As Escrituras celebram a intimidade conjugal e orientam sobre pureza e santidade sexual.
A sexualidade no plano de Deus
Desde a criação, Deus projetou a intimidade sexual como expressão de amor entre marido e mulher, abençoando a união conjugal.
ယေရှုဟှ "ဖန်ဆင်းရှင်ဟှာ စစဒူးဟှ ယော့-က်ကျားန မီးမနှေ့ယော့-က်ဒဲဟှိုဘဲ့ ဖန်ဆင်းတော်မူဟှယ် မှုဟှလော။ ဘုရားသခင်ဟှ ‘အယ်မူကြောန်းရာကြောန့် ယော့-က်ကျားဟှာ ကိုယ့်မိဖဟှို စွန့်ဘီး၊ ကိုယ့်မယားန ပေါန်းသင်းဘီး သူးနို့နှေ့ယော့-က်ဟှာ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်။’ အယ်ကြောန့် သူးနို့ဟှာ နှေ့ယော့-က်မှုဘဲ တယော့-က်ဒဲဘဲ့ ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ဟှ တူးဒူစောင်ဖတ်ပေးဟှားဇာဟှို လူခွဲခွာစေန" ဆိုဘီး မိန့်တော်မူလေဟှယ်။
A santidade na intimidade
O leito conjugal é honroso. A Bíblia celebra a alegria da intimidade dentro do casamento e orienta o casal ao amor e respeito mútuo.
လူလေ ဂူလောင်းဟှာ သူးနို့ရဲ့မင်္ဂလာဆောန်ရှင်းန သစ်စာသံဝါသပြုဟှူ မှုရာဟှို ညစ်ညူးမှုမှေ့ဘဲန အသရေရှိစေပါ။ တရားဘဲဟှူ မေထုန်ဟှို ပြုဟှူသူလေန သူ့မယားဟှို ပြစ်မှားဟှူသူလေဟှို ဘုရားသခင် စစ်ကြောစီရင်တော်မူလေ့မယ်။
လန်ယော့-က်ကျားဟှာ ကိုယ့်မယားဟှို ပြုသင့်ဟှူ ဝတ်ဟှို ပြုရမယ်။ မယားဟှာလည်း ကိုယ့်လန်ဟှို ပြုသင့်ဟှူ ဝတ်ဟှို ပြုရမယ်။ မယားဟှာ ကိုယ့်ကိုယ်ခန္ဓာဟှို ပိုင်ဟှ။ လန်ဟှဘဲ့ ပိုင်ဟှယ်။ အယ်မျိုးဘဲ့ လန်ဟှလည်း ကိုယ့်ကိုယ်ခန္ဓာဟှို ပိုင်ဟှ။ မယားဟှဘဲ့ ပိုင်ဟှယ်။
အယ်ဘေမဲ့ ကိုယ့်ကိုယ်ကိုယ် ချောက်ထီးနိုင်ဘဲနေဟှာ အီထောန်ပြုဂေ့ပါ။ ကိလေသာစိဟှို ချောက်တီးနိုင်ဘဲနေဟှာ အီထောန်ပြုဟှူဇာဘဲ့ ပိုကောန်းလေ့မယ်။
နန်းနို့လေရဲ့ကိုယ်ခန္ဓာဟှာ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါလေဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။ အယ်မျိုးဆိုဟှာ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟှို ယူဘီးဟှာ ပြည်တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေရဟှို့လော။ လောင်းဝဖြစ်စေဟှ! ပြည်တန်ဆာမန ပေါန်းဖော်ဟှူလူဟှာ အယ်ပြည်တန်ဆာမန တသားတကိုယ်ဒဲ ဖြစ်ဟှားဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှလော။ ကျမ်းစာဟှ "အယ်သူနှေ့ယော့-က်ဟှာ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်" ဆိုဘီး လာဟှယ်။ အယ်ဘေမဲ့ သခင်ဘုရားနှိုက် မှီဝဲသူဟှာ အယ်သခင်န တစိတဝိညာဉ်ဒဲ ဖြစ်ဟှယ်။
Pureza sexual
Deus nos chama à santificação e à fuga da imoralidade. O corpo do cristão é templo do Espírito Santo e deve ser tratado com honra.
တရားဘဲဟှူ မေထုန်ပြုဟှူဇာဟှို ရှောန်ဂေ့ပါ။ လူပြုတတ်ဟှူ တခြားပြစ်လေဟှာ ကိုယ်ခန္ဓာ ပ္လန်ဖတ်မာဘဲ့ရှိဟှယ်။ တရားဘဲဟှူ မေထုန်ပြုဟှူသူဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ပြစ်မှားဟှူဇာ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ကိုယ်ခန္ဓာဟှာ ဘုရားသခင်ပေးသနားဟှူ ဝိညာဉ်တော်ဖြစ်ဟှူ နန်းနို့ထဲမာ ကီးဝပ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ ဗိမာန်တော်ဖြစ်ဟှူကြောန်းန နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပိုင်ဘဲဟှူကြောန်းဟှို သိဂေ့ဟှလော။ ကိုယ်တော်ဟှာ နန်းနို့လေဟှို ဖိုးခပေးဘီး ဝယ်ဟှားကြောန့် နန်းနို့လေရဲ့ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဂေ့ပါ။
ဘုရားသခင်ရဲ့လိုတော်ဟှ နန်းနိုလေဟှို တရားဘဲဟှူ မေထုန်ဟှို ရှောန်ဘီး သန့်ရှင်းစေဟှို့တွပ်န၊ နန်းနို့ယော့-က်ရှင်းစီဟှာ သန့်ရှင်းရှင်း၊ ဂေါင်သရေရှိရှင်းလေန ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ဖယ်မျိုး ထီးသီးရမယ် ဆိုဇာဟှို သိဘီးဟှာ ဘုရားသခင်ဟှို သိဘဲဟှူ လူမျိုးခြားလေ ကိလေသာစိ တတ်မတ်ဟှူမျိုး တတ်မတ်ဘဲနေဟှို့တွပ်န၊
နန်းနို့ဟှာ သန့်ရှင်းဟှူ လူလေဖြစ်ဟှူကြောန့် ကာမဂေါင်လိုက်စားရှင်း၊ ညစ်ညူးဘီး လောဘကီးဟှူကြောန်းလေ ဂူလောင်းဟှို နန်းနို့လေဟှာ ပြောဂေ့န။
ငါပညတ်ဇာဟှ ကိလေသစိန သူများရဲ့မယားဟှို ကေ့မိဟှူသူဟှာ စိနှလောင်းထဲဟှ အယ်မီးမန ပြစ်မှားလေဘီ။
ပွဲလောက်ဟှူဇာလေ၊ မောယစ် သော့-က်စားဇာလေ၊ တရားဘဲဟှူ မေထုန်ဟှို မှီဝဲဇာလေ၊ ကိလေသာညစ်ညူးဇာလေ၊ ရန်ဖြစ်ဇာလေန ဂေါင်ပြိုင်ဝါကြွားဇာလေဟှို ရှောန်ဘီးဟှာ လန်းရောန်မာ ကျင်လည်ဟှူသူမျိုး အသရေရှိအောန် ကျင့်သောင်းဂေ့ဇို့။
သူးနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပညာရှိဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ဟှူလည်းဘဲ့ မိုက်မဲဟှူ သူလေဖြစ်လာဘီး၊ ဖော့-က်ပ္လန် ပျစ်စီးရှင်းန ကင်းဟှူ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ပယ်ဘီး ဖော့-က်ပ္လန်တတ်ဟှူ လူ့ရောက်ထု၊ ငှတ်ရောက်ထု၊ ခေလေးရှောန်း သတ္တဝါန တွားဘီးသွားတတ်ဟှူ လိဆန်လေရဲ့ ရောက်ထုဟှို ဘုရားသခင်နေရာမာ ချီးမြှော့-က်ဂေ့ဟှယ်။
အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ရှင်းရှင်း ကိုယ်ခန္ဓာရဲ့ အသရေဟှို ပျစ်စီးစေဟှို့တွပ် သူးနို့လေရဲ့ ကိလေသာစိ ညစ်ညူးရှင်းလတ်ဟှို အပ်လိုက်လေဟှယ်။ အယ်သူလေဟှာ ဘုရားသခင်ရဲ့ သမ္မာတရားဟှို မှားဟှူနေရာမာ ထားဂေ့ဘီး ဖန်ဆင်းရှင်ဟှို ကိုးကွယ်ရဟှို့စား ဖန်ဆင်းဟှားဟှူ ဇာလေဟှို ဝတ်ပြုကိုးကွယ်ဂေ့လေဟှယ်။ ဖန်ဆင်းရှင်ဟှာ ထာဝရမင်္ဂလာ ရှိတော်မူဟှယ်။ အာမင်။
အယ်မျိုးလောက်ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယှစ်ဇာကောန်းဟှူ ကိလေသာလတ်ထဲဟှို အပ်လိုက်တော်မူလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ထဲဟှ မီးမလေဟှာ သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ သဘာဝန ဆန့်ကျင်ဖတ်ဖြစ်ဟှူ ဆစ်ဆံရှင်းနော့-က်ဟှို လိုက်ဂေ့လေဟှယ်။ အယ်တိုင်းဘဲ့ ယော့-က်ကျားလေလည်း မီးမန သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ ရှင်းရှင်း ရာဂမီးတော့-က်လောန်ဂေ့ဘီး ယှစ်ဇာကောန်းဟှူဇာဟှို ယော့-က်ကျားရှင်းရှင်း ပြုဂေ့ဟှူကြောန့် သူးနို့လေရဲ့ ဆိုးညစ်ဟှူကျင့်တွပ် ထိုက်သင့်ဟှူ ပြစ်ဒန်လေဟှို ခံရဂေ့ဟှယ်။