Beköszöntés. Hála az atyafiak lelki növekedéséért. Vígasztaló utalás a Krisztus eljövetelére
1 Pál és Silvánus és Timótheus a Thessalonikabeli gyülekezetnek, Istenben, a mi Atyánkban, és az Úr Jézus Krisztusban: 2 Kegyelem néktek és békesség Istentől, a mi Atyánktól, és az Úr Jézus Krisztustól. 3 Mindenkor hálaadással tartozunk az Istennek, atyámfiai, ti érettetek, a miképen méltó is, mivelhogy felettébb megnövekedék a ti hitetek, és mindnyájatokban bővölködik az egymáshoz való szeretet; 4 Annyira, hogy mi magunk dicsekszünk veletek az Isten gyülekezeteiben, a ti kitartástok és hitetek felől, minden ti üldöztetéstek és szorongattatástok között, a melyeket szenvedtek: 5 Bizonyságául az Isten igazságos ítéletének; hogy méltóknak ítéltessetek az Isten országára, a melyért szenvedtek is. 6 Mert igazságos dolog az az Isten előtt, hogy szorongattatással fizessen azoknak, a kik titeket szorongatnak. 7 Néktek pedig, a kik szorongattattok, nyugodalommal mivelünk együtt, a mikor megjelenik az Úr Jézus az égből az ő hatalmának angyalaival. 8 Tűznek lángjában, ki bosszút áll azokon, a kik nem ismerik az Istent, és a kik nem engedelmeskednek a mi Urunk Jézus Krisztus evangyéliomának. 9 A kik meg fognak lakolni örök veszedelemmel az Úr ábrázatától, és az ő hatalmának dicsőségétől, 10 A mikor eljő majd, hogy megdicsőíttessék az ő szenteiben, és csodáltassék mindazokban, a kik hisznek (mivelhogy a mi tanúbizonyságunknak hitele volt ti nálatok) ama napon. 11 Mivégből imádkozunk is mindenkor ti érettetek, hogy a mi Istenünk méltóknak tartson titeket az elhívásra, és töltsön be titeket a jóban való teljes gyönyörűséggel, és a hitnek hathatós munkálásával. 12 Hogy dicsőíttessék meg a mi Urunk Jézus Krisztusnak neve ti bennetek, és ti is ő benne, a mi Istenünknek és az Úr Jézus Krisztusnak kegyelméből.
1 ပေါလု၊ သိလွာနု၊ တိမောသေတို့သည်၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှုခရစ်၌တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။- 2 သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ခရစ်တော်ကြွလာချိန်စီရင်ခြင်း
3 ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
4 သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။- 5 သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေ ခြင်းငှာ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။- 6-8 အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဖူးသော သူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။- 9,10 ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကိုလည်းကောင်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့။
11,12 ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း၊ သင်တို့သည် ခေါ်တော်မူခြင်း ကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ်တော်မူခြင်း၏ စေတနာအပေါင်းနှင့် သင်တို့၏ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့် ပြည့်စုံစေတော်မူမည် အကြောင်း၊ ငါတို့သည် သင်တို့အဖို့ အစဉ်ဆုတောင်းပတ္ထနာ ပြုကြ၏။