ဟာမန်ကိုသေဒဏ်စီရင်ခြင်း
1 တစ်ဖန် ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှာ သွားကြ၏။ 2 ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 3 မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသားချင်းအသက်ကို ချမ်းသာပေးတော်မူပါ။ 4 ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှာ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှာ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဖိုးကိုပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်ဟု လျှောက်လေ၏။ 5 ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်းဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊ 6 ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သောဟာမန် ဖြစ်ပါ၏ဟုလျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။ 7 ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှ ထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့မှာ တောင်းပန်ခြင်းငှာ ထ၏။ 8 ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည်သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပျပ်ဝပ်လျက်နေသည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏မျက်နှာကို ဖုံးကြ၏။ 9 မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ 10 ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။
1 O rei e Amã foram, pois, ao banquete de Ester.
2 No segundo dia, bebendo vinho, disse ainda o rei a Ester: "Qual é teu pedido, rainha Ester? Será atendido. Que é que desejas? Ainda que me peças metade do reino, te será concedido!".
3 A rainha respondeu: "Se achei graça a teus olhos, ó rei, e se ao rei lhe parecer bem, concede-me a vida – eis o meu pedido; salva meu povo – eis o meu desejo.
4 Fomos votados eu e meu povo, ao extermínio, à morte, ao aniquilamento. Se tivéssemos sido vendidos como escravos eu me calaria, mas eis que agora o opressor não poderia compensar o prejuízo que causa ao mesmo rei".
5 "Quem é – replicou o rei –, e onde está quem maquina tal projeto em seu coração?"
6 "O opressor, o inimigo – disse a rainha – é Amã – eis aí o infame!"
7 Amã ficou aterrorizado diante do rei e da rainha. O rei, aceso em cólera, levantou-se e deixou o banquete, dirigindo-se ao jardim do palácio, ao passo que Amã permanecia ali, para implorar a Ester o perdão de sua vida, porque via bem que no espírito do rei estava decretada sua perda.
8 Quando o rei voltou do jardim do palácio para a sala do banquete, viu Amã que se tinha deixado cair sobre o divã em que repousava Ester: "Como!" – exclamou. "Ei-lo que quer fazer violência à rainha em minha casa em meu palácio!" Mal tinha saído essa palavra da boca do rei, quando cobriram a face de Amã.
9 Harbona, um dos eunucos, disse ao rei: "A forca preparada por Amã para Mardoqueu, cuja denúncia em favor do rei tinha sido tão salutar, acha-se levantada na casa de Amã, altura de cinquenta côvados". "Que o suspendam nela!" – exclamou o rei.
10 E suspenderam Amã na forca que tinha preparado para Mardoqueu. Isso acalmou a cólera do rei.