1 ယေရှုခရစ်၌တည်သော အသက်ကိုပေးမည်ဟု ကတိတော်နှင့်အညီ၊ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ၏။- 2 ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိ ပါစေသော။
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်အားပေးခြင်း
3-5 သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှာ အလွန်လွမ်းသောစိတ် ရှိသဖြင့်လည်းကောင်း၊ သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်လည်းကောင်း၊ နေ့ညမပြတ်ဆုတောင်း ပတ္ထနာပြုသည်တွင်၊ သင့်ကို မခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ် စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
6 ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း၊ ငါသည် သင့်ကိုသတိပေး၏။- 7 အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။- 8 ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။- 9 ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။- 10 ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သောသခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။- 11 ထိုတရားကို ဟောပြောသောသူအရာ၌လည်းကောင်း၊ တမန်တော်အရာ၌လည်းကောင်း၊ တစ်ပါးအမျိုးသားတို့၏ ဆရာအရာ၌လည်းကောင်း ငါ့ကိုခန့်ထားတော်မူပြီ၊- 12 ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏။
13 ငါ့ထံ၌ ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။- 14 သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့။
15 အာရှိပြည်၌နေသော သူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု၊ သင်သည် ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင်ပါသတည်း။- 16 ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက် ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊- 17 ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက် ငါ့ကိုရှာ၍တွေ့၏။- 18 သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည် ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။
问安
1 奉 神旨意,凭着在基督耶稣里的生命的应许,作基督耶稣使徒的保罗,2 写信给亲爱的儿子提摩太,愿恩惠、怜悯、平安从父 神和我们的主基督耶稣临到你。
为主作见证不要当作羞耻
3 我感谢 神,就是我像我祖先一样,以清洁的良心所事奉的 神,在祷告中昼夜不断地记念你;4 一想起你流的眼泪,我就渴望见你,好叫我满有喜乐。5 我记得你心里无伪的信心,这信心原先是在你外祖母罗以和你母亲友尼基心里的,我深信也在你的心里。6 为了这缘故,我提醒你,要把 神借着我按手给你的恩赐,像火一样再挑旺起来。7 因为 神所赐给我们的,不是胆怯的灵,而是有能力、仁爱、自律的灵。8 所以,不要以给我们的主作见证当作羞耻,也不要以我这为主被囚的当作羞耻,却要为了福音的缘故,靠着 神的大能,与我同受磨难。9 神救了我们,以圣召呼召我们,不是按照我们的行为,却是按照他自己的计划和恩典;这恩典是在万世以前,在基督耶稣里赐给了我们的,10 但现在借着我们救主基督耶稣的显现,才表明出来。他废掉了死亡,借着福音把生命和不朽彰显出来。11 为这福音,我被派作传道的、使徒和教师。12 为了这缘故,我也受这些苦,但我不以为耻,因为我知道我所信的是谁,也深信他能保守我所交托他的"我所交托他的"或译:"他所交托我的",直到那日。13 你要靠着在基督耶稣里的信心和爱心,常常坚守从我这里听过的话,作为纯正话语的模范;14 又要靠着那住在我们里面的圣灵,保守所交托你的善道。
15 你知道所有在亚西亚的人都离弃了我,他们当中有腓吉路和黑摩其尼。16 愿主赐怜悯给阿尼色弗一家的人,因为他多次使我畅快,也不以我的锁炼为耻;17 他竟然来到罗马,迫切地寻找我,结果找到了。18 愿主在那日使他从主那里得着怜悯。你也清楚知道他在以弗所是怎样多方服事我。