1 အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊ဇေ၊ ၂:၁၂။2 ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပေါ်၌ ဂမာလှေဖြင့်လည်းကောင်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတမန်တို့၊ သွားကြလော့။ 3 လောကီနိုင်ငံ၌နေသော မြေကြီးသားအပေါင်းတို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့်ရှုကြလော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။ 4 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့လည်းကောင်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့်ပြည့်စုံသော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ငါသည်ကျိန်းဝပ်၍ ငါ့နေရာအရပ်မှာ ကြည့်ရှုမည်။ 5 စပျစ်သီးကို သိမ်းယူရာကာလမတိုင်မီ အငုံစေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊ အခက်အလက်များကို သုတ်သင်ပယ်ရှင်းတော်မူမည်။ 6 သူတို့သည် တောင်ပေါ်မှာနေတတ်သောငှက်များ၊ တောသားရဲများတို့၏အဖို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌လည်းကောင်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌လည်းကောင်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။ 7 ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်များကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။
1 Ha! land shadowing with wings, which art beyond the rivers of Cush, 2 that sendest ambassadors over the sea, and in vessels of papyrus upon the waters, saying, Go, swift messengers, to a nation scattered and ravaged, to a people terrible from their existence and thenceforth; to a nation of continued waiting and of treading down, whose land the rivers have spoiled! 3 All ye inhabitants of the world, and dwellers on the earth, when a banner is lifted up on the mountains, see ye, and when a trumpet is blown, hear ye! 4 For thus hath Jehovah said unto me: I will take my rest, and I will observe from my dwelling-place like clear heat upon herbs, like a cloud of dew in the heat of harvest. 5 For before the harvest, when the blossoming is over, and the flower becometh a ripening grape, he shall both cut off the sprigs with pruning-knives, and take away and cut down the branches. 6 They shall be left together unto the mountain birds of prey, and to the beasts of the earth; and the birds of prey shall summer upon them, and all the beasts of the earth shall winter upon them. 7 In that time shall a present be brought unto Jehovah of hosts of a people scattered and ravaged, — and from a people terrible from their existence and thenceforth, a nation of continued waiting and of treading down, whose land the rivers have spoiled, ...to the place of the name of Jehovah of hosts, the mount Zion.