1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2 မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။ 3 အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။ 4 ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့်ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။ 5 သားမိန်းမကိုဖွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တစ်ဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။ 6 သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ်ဖို့ အခါလည်သော သိုးသငယ်တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ချိုးကလေးတစ်ကောင်၊ သို့မဟုတ် ခိုတစ်ကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ 7 ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ပူဇော်၍၊ ထိုမိန်းမအဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။ 8 သိုးသငယ်ကိုမတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်သူ့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည်သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမကိုဖွားမြင်သောအမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
1 And Jehovah spoke to Moses, saying, 2 Speak unto the children of Israel, saying, If a woman conceive seed, and bear a male, then she shall be unclean seven days; as in the days of the separation of her infirmity shall she be unclean. 3 And on the eighth day shall the flesh of his foreskin be circumcised. 4 And she shall continue thirty-three days in the blood of her cleansing; no holy thing shall she touch, nor come into the sanctuary, until the days of her cleansing are fulfilled. 5 And if she bear a female, then she shall be unclean two weeks, as in her separation; and she shall continue sixty-six days in the blood of her cleansing.
6 And when the days of her cleansing are fulfilled, for a son or for a daughter, she shall bring a yearling lamb for a burnt-offering, and a young pigeon or a turtle-dove for a sin-offering, to the entrance of the tent of meeting, unto the priest. 7 And he shall present it before Jehovah, and make atonement for her; and she shall be clean from the flux of her blood. This is the law for her that hath borne a male or a female. 8 And if her hand cannot find what is sufficient for a sheep, she shall bring two turtle-doves or two young pigeons; one for a burnt-offering, and the other for a sin-offering; and the priest shall make atonement for her; and she shall be clean.