1 နောမိ၏လင် ဧလိမလက်၏ အဆွေအမျိုးတွင် အလွန်ရတတ်သော ပေါက်ဖော်တစ်ယောက် ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။ 2 မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာ စပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟု ဆို၏။ဝတ်၊ ၁၉:၉-၁၀၊တရား၊ ၂၄:၁၉။3 ရုသသည်သွား၍ စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။ 4 ထိုအခါဗောဇသည် ဗက်လင်မြို့ကလာ၍၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ်သောသူတို့အား ဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကို ထာဝရဘုရားကောင်းချီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။ 5 ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့် ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊ 6 လယ်ခေါင်းက၊ မောဘပြည်မှ နောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။ 7 သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏ တဲ၌နေသောအချိန်တိုင်အောင် လုပ်နေပါပြီဟု ပြောဆိုလျှင်၊ 8 ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍ စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။ 9 သူတို့ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟု ဆိုလေသော်၊ 10 ရုသသည် မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့်တွေ့ရပါသနည်းဟု လျှောက်လေ၏။ 11 ဗောဇကလည်း၊ သင်၏လင် သေသောနောက်၊ သင်သည် ယောက္ခမအားပြုစုသမျှကိုလည်းကောင်း၊ သင်သည် မိဘနှင့် မွေးဖွားရာဌာနပြည်ကိုစွန့်၍ အထက်က မသိဖူးသောပြည်သို့ လာကြောင်းကိုလည်းကောင်း၊ ငါ့အား သေချာစွာပြောကြပြီ။ 12 သင့်အမှု၏အကျိုးကို ထာဝရဘုရား ပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊ 13 ရုသကလည်း သခင် ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ်စကားကိုပြော၍ ကျွန်မကိုနှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။ 14 ဗောဇကလည်း၊ စားသောက်သောအချိန် ရှိပြီ။ လာ၍ မုန့်ကိုစားလော့။ ပုံးရည်၌ စားစရာကို နှစ်လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သောသူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှ ချန်ထားသေး၏။ 15 စပါးကျန်ကိုကောက်ခြင်းငှာ ထသွားသောအခါ၊ ဗောဇသည် လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ 16 ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။ 17 ရုသသည် ထိုလယ်၌ ညဉ့်ဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တစ်ဧဖာခန့်မျှ ရှိ၏။ 18 ထိုဆန်ကိုယူ၍ မြို့ထဲသို့ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသောအရာကိုလည်း ထုတ်၍ပေးသေး၏။ 19 ယောက္ခမကလည်း၊ ယနေ့ အဘယ်မှာစပါးကျန်ကိုကောက်သနည်း။ အဘယ်မှာလုပ်သနည်း။ သင်သိမှတ်သောသူသည် မင်္ဂလာရှိပါစေသောဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟု ယောက္ခမအား ကြားပြောသော်။ 20 ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့်ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆို၏။ဝတ်၊ ၂၅:၂၅။21 ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမီတိုင်အောင်၊ ငါ့လူတို့၌ မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊ 22 နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့် ပေါင်းဖော်ကောင်း၏။ အခြားသောလယ်၌ သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊ 23 သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင် ဗောဇ၏ကျွန်မတို့၌ မှီဝဲလျက်၊ စပါးကျန်ကိုကောက်၍ ယောက္ခမထံမှာ နေလေ၏။
1 Naomi aveva un parente di suo marito, uomo potente e ricco, della famiglia di Elimelec, che si chiamava Boaz. 2 Rut, la Moabita, disse a Naomi: "Lasciami andare nei campi a spigolare dietro a colui agli occhi del quale avrò trovato grazia". E lei le rispose: "Va’ figlia mia". 3 Rut andò dunque e si mise a spigolare in un campo dietro ai mietitori; e per caso si trovò nella parte di terra appartenente a Boaz, che era della famiglia di Elimelec. 4 Ed ecco che Boaz giunse da Betlemme, e disse ai mietitori: "L’Eterno sia con voi!". E quelli gli risposero: "L’Eterno ti benedica!". 5 Poi Boaz disse al suo servo incaricato di sorvegliare i mietitori: "Di chi è questa fanciulla?". 6 Il servo incaricato di sorvegliare i mietitori rispose: "È una fanciulla Moabita; quella che è tornata con Naomi dalle campagne di Moab. 7 Lei ci ha detto: ‘Vi prego, lasciatemi spigolare e raccogliere le spighe tra i covoni, dietro ai mietitori’. È venuta stamattina ed è rimasta in piedi fino ad ora; e si è ritirata un momento solo per riposarsi". 8 Allora Boaz disse a Rut: "Ascolta, figlia mia; non andare a spigolare in un altro campo; non ti allontanare da qui, ma rimani con le mie serve; 9 guarda qual è il campo che si miete, e va’ dietro a loro. Ho ordinato ai miei servi che non ti tocchino; e quando avrai sete andrai a bere dai vasi l’acqua che i servi avranno attinto". 10 Allora Rut si gettò giù, prostrandosi con la faccia a terra, e gli disse: "Come mai ho trovato grazia agli occhi tuoi che tu faccia caso a me che sono una straniera?". 11 Boaz le rispose: "Mi è stato riferito tutto quello che hai fatto per tua suocera dopo la morte di tuo marito, e come hai abbandonato tuo padre, tua madre e il tuo paese natìo, per venire presso un popolo che prima non conoscevi. 12 L’Eterno ti ricompensi per quello che hai fatto, e la tua ricompensa sia piena da parte dell’Eterno, dell’Iddio d’Israele, sotto le cui ali sei venuta a rifugiarti!". 13 Lei gli disse: "Possa io trovare grazia agli occhi tuoi, o mio signore! Poiché tu mi hai consolata, e hai parlato al cuore della tua serva, sebbene io non sia neppure come una delle tue serve". 14 Poi, al momento del pasto, Boaz le disse: "Vieni qua, mangia del pane, e intingi il tuo boccone nell’aceto". E lei si mise a sedere accanto ai mietitori. Boaz le porse del grano arrostito, e lei ne mangiò, si saziò, e ne mise da parte gli avanzi. 15 Poi si alzò per tornare a spigolare, e Boaz impartì quest’ordine ai suoi servi: "Lasciatela spigolare anche fra i covoni, e non rimproveratela! 16 E strappate anche per lei delle spighe dai manipoli; e lasciatele lì perché lei le raccolga, e non la sgridate!". 17 Così lei spigolò nel campo fino alla sera; batté quello che aveva raccolto, e ne ricavò circa un efa d’orzo. 18 Se lo caricò addosso, entrò in città, e sua suocera vide ciò che lei aveva spigolato; e Rut tirò fuori quello che le era rimasto del cibo dopo essersi saziata, e glielo diede. 19 La suocera le chiese: "Dove hai spigolato oggi? Dove hai lavorato? Benedetto colui che ti ha fatto un’accoglienza così buona!". E Rut disse alla suocera presso chi aveva lavorato, e aggiunse: "L’uomo presso il quale ho lavorato oggi, si chiama Boaz". 20 E Naomi disse a sua nuora: "Sia egli benedetto dall’Eterno, poiché non ha rinunciato a mostrare ai vivi la bontà che ebbe verso i morti!". E aggiunse: "Quest’uomo è nostro parente stretto; è di quelli che hanno su noi il diritto di riscatto". 21 E Rut, la Moabita: "Mi ha anche detto: ‘Rimani con i miei servi, finché abbiano finito tutta la mia mietitura’". 22 E Naomi disse a Rut sua nuora: "È bene, figlia mia, che tu vada con le sue serve e non ti si trovi in un altro campo". 23 Lei rimase dunque con le serve di Boaz, a spigolare, fino alla fine della mietitura dell’orzo e del frumento. E abitava con sua suocera.