1 အို ဣသရေလအမျိုး၊ ယခုသင်တို့၌ ငါမြွက်ဆို၍ မြည်တမ်းသောစကားကို နားထောင်ကြလော့။ 2 ဣသရေလ သတို့သမီးကညာသည် လဲပြီ။ နောက်တစ်ဖန် မထရ။ မိမိမြေပေါ်မှာ တုံးလုံးနေ၏။ ချီကြွသောသူမရှိ။ 3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး၏အမှုကိုထမ်းစေဖို့ လူတစ်ထောင်ကို ပေးနိုင်သောမြို့သည် လူတစ်ရာ၊ တစ်ရာကိုပေးနိုင်သောမြို့သည် တစ်ကျိပ်ကိုသာ ပေးနိုင်လိမ့်မည်။ 4 ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ 5 ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက် သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။ 6 ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာ ရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုးအပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်။ 7 တရားသဖြင့်စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ချကြပြီးသောသူတို့၊ 8 ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ နေ့အလင်းကို ညအမိုက်ဖြစ်စေခြင်းငှာလည်းကောင်း စီရင်ထသော၊ ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာ သွန်းလောင်းထသော၊ ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိထသော၊ယောဘ၊၉:၉၊ ၃၈:၃၁။9 ခွန်အားကြီးသော သူတို့ကိုလည်းကောင်း၊ ရဲတိုက်တို့ကိုလည်းကောင်း ဖျက်ဆီးတော်မူသော ဘုရားကို ရှာကြလော့။ 10 မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့်မတ်စွာ ပြောတတ်သောသူကို ရွံရှာကြပြီတကား။
11 သင်တို့သည် ဆင်းရဲသားကိုနှိပ်စက်၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့်၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဖွယ်သော စပျစ်ဥယျာဉ်ကို စိုက်သော်လည်း၊ စပျစ်ရည်ကို မသောက်ရကြ။ 12 သင်တို့ အထပ်ထပ် လွန်ကျူးသောဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကို ငါသိ၏။ ဖြောင့်မတ်သောသူကို နှောင့်ယှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ်ကြ၏။ 13 ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။ 14 အသက်ချမ်းသာစေခြင်းငှာ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ရှာကြလော့။ ထိုသို့ပြုလျှင်၊ သင်တို့ဆိုတတ်သည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ 15 ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသော ယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
16 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှာလည်းကောင်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှာလည်းကောင်း ခေါ်ကြလိမ့်မည်။ 17 ခပ်သိမ်းသော စပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်၌ လျှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 18 ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။ 19 လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ 20 ထာဝရဘုရား၏နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။
21 သင်တို့စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာကျင့်သောနေ့ရက်တို့၌ ငါမမွေ့လျော်။ဟေရှာ၊၁:၁၁-၁၄။22 မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသောတိရစ္ဆာန်တို့ကို မိတ်သဟာယယဇ် ပူဇော်သော်လည်း ငါသည် ပမာဏမပြု။ 23 သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။ 24 တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့လည်းကောင်း စီးစေကြလော့။ 25 အို ဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သကာများကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အားပူဇော်ကြသလော။တ၊ ၇:၄၂-၄၃။26 သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသော ကိုယ်အဖို့လုပ်သောပုံတို့ကို ဆောင်ရွက်ကြပြီတကား။ 27 ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တစ်ဖက်သို့ သိမ်းသွားစေခြင်းငှာ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။
1 Ouvi esta palavra que levanto com Jr 7.29;9.10,17;Ez 19.1pranto sobre vós, ó casa de Israel: 2 Caiu Jr 14.17a virgem de Israel; Am 8.14não se levantará mais; atirada está sobre a sua terra; Is 51.18;Jr 50.32não há quem a levante. 3 Pois assim diz o Senhor Jeová: A cidade que saiu à guerra em número de mil terá de resto Is 6.13cem, e a que saiu em número de cem terá Am 6.9dez, para a casa de Israel.
4 Pois assim diz Jeová à casa de Israel: Dt 4.29;32.46-47Buscai-me e vivereis; 5 não busqueis, porém, Am 3.14;4.4;7.10,13;1Rs 12.28-29a Betel, nem entreis em 1Sm 7.16;11.14Gilgal, nem passeis a Am 8.14;Gn 21.31-33Berseba, porque Gilgal, certamente, irá ao cativeiro, e Betel ficará reduzida a nada. 6 Am 5.14;Is 55.3,6,7Buscai a Jeová e vivereis, para que ele não irrompa como Dt 4.24fogo na casa de José, e o fogo devore, e não haja quem o apague Am 3.14em Betel. 7 Vós que converteis o Am 5.12;Am 2.3;6.12juízo em absinto e lançais por terra a justiça, 8 buscai aquele que faz Jó 9.9;38.31as Plêiades e Órion, e que Jó 12.22;38.12;Is 42.16troca em manhã a sombra da morte, e com Am 8.9as trevas transforma o dia em noite; o que Am 9.6;Sl 104.6-9chama as águas do mar e as derrama sobre a face da terra; Am 4.13Jeová é o seu nome. 9 Ele é o que faz cair Am 2.14;Jó 5.3;Is 29.5repentina destruição sobre o forte, de sorte que venha Mq 5.11a destruição sobre a fortaleza.
10 Aborrecem ao que na porta Am 5.15;Is 29.21usa de repreensões Is 59.15;Jr 17.16-18e abominam o que fala sinceramente. 11 Por isso, porque Am 3.9;8.6pisais aos pés o pobre e dele recebeis exações de trigo, tendes edificado Am 3.15;6.11casas de pedras lavradas, porém nelas não habitareis; tendes plantado vinhas deliciosas, porém Mq 6.15não bebereis do vinho delas. 12 Pois sei quão numerosas são as vossas transgressões e quão grandes, os vossos pecados, vós que Is 1.23;5.23afligis o justo, que aceitais peitas, e que na porta rejeitais o Am 2.6-7necessitado. 13 Portanto, o prudente Ec 3.7;Os 4.4se calará naquele tempo, porque é tempo mau.
14 Am 5.6Buscai o bem e não o mal, para que vivais; e assim Jeová, Deus dos Exércitos, será convosco, Is 48.1-2como dizeis. 15 Sl 97.10Aborrecei o mal, e amai o bem, e estabelecei na porta o juízo. Jl 2.14Pode ser que Jeová, Deus dos Exércitos, se compadeça do Mq 5.3,7,8resto de José.
16 Portanto, assim diz Jeová, Deus dos Exércitos, o Senhor: Em todas as praças haverá Am 8.3;Jr 9.10,18-20pranto; e em todas as ruas dirão: Ai! Ai! Eles chamarão Jl 1.11o lavrador para o pranto e, para o choro, os que 2Cr 35.25sabem carpir. 17 Em todas Is 16.10;Jr 48.33as vinhas haverá pranto, porque passarei pelo meio de ti, diz Jeová.
18 Ai de vós que desejais Is 5.19;Jl 1.15;2.1,11,31o Dia de Jeová! Para que desejais vós o Dia de Jeová? Ele é Is 5.30;9.19;Jr 30.7trevas e não luz. 19 É como se um homem Jó 20.24;Is 24.17-18;Jr 15.2-3fugisse de diante dum leão, e lhe saísse ao encontro um urso; ou como se entrasse em casa e encostasse a mão à parede, e o mordesse uma cobra. 20 Acaso, não será o Dia de Jeová Is 13.10;Sf 1.15trevas e não luz? Sim, bem escuro, sem que haja nele resplendor algum.
21 Am 4.4-5;8.10;Is 1.11-16;66.3Aborreço, desprezo as vossas festas Lv 26.31;Jr 14.12;Os 5.6e não me deleitarei nas vossas assembleias solenes. 22 Pois, ainda Mq 6.6-7que me ofereçais os vossos holocaustos e as vossas ofertas de cereais, não os aceitarei, nem atentarei para Am 4.5;Lv 7.11-15as ofertas pacíficas dos vossos animais cevados. 23 Aparta de mim Am 6.4-5;8.10o estrépito dos teus cânticos, porque não ouvirei a melodia das tuas liras. 24 Porém desça Jr 22.3;Ez 45.9;Mq 6.8o juízo como águas, e a justiça, como uma torrente poderosa.
25 Porventura, ó casa de Israel, Dt 32.17-19;Js 24.14;Ne 9.18,21;At 7.42-43oferecestes-me sacrifícios e ofertas no deserto durante quarenta anos? 26 Sim, levastes Sicute, vosso rei, e Quium, vossas imagens, a estrela do vosso deus, que fizestes para vós. 27 Portanto, vos levarei cativos para Am 7.11,17;Mq 4.10além de Damasco, diz Am 4.13Jeová, cujo nome é o Deus dos Exércitos.