11 သင်၌ သားမရှိပြီလောဟု ယေရှဲအားမေးလျှင်၊ ယေရှဲက အငယ်ဆုံးသောသား ရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက်နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကိုခေါ်စေခြင်းငှာ လူကိုစေလွှတ်ပါ။ သူမရောက်မီ ပွဲသို့ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊ 12 စေလွှတ်၍ သူ့ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဖွယ်သောမျက်နှာလည်း ရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။ 13 ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေလသည်ထ၍ ရာမမြို့သို့ ပြန်သွား၏။
Publicidade
၁ ဓမ္မရာဇဝင် 16
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.