Publicidade

2 Reis 12

ယု​ဒ​ဘု​ရင်​ယော​ရှ

1 ယေ​ဟု​နန်း​စံ ခု​နစ်​နှစ်​တွင် ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။ 2 ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သွန်​သင်​သော ကာ​လ​ပတ်​လုံး​ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု၏။ 3 သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။

4 ယော​ရှ​မင်း​က​လည်း၊ ဗိ​မာန်​တော်​ထဲ​သို့​သွင်း​သော အ​လှူ​ဥ​စ္စာ​ကို​ရောင်း၍ ရ​သော​ငွေ၊ စာ​ရင်း​ဝင်​သော​သူ​တိုင်း ကိုယ်​အ​တွက်​ပေး​သော​ငွေ၊ ကိုယ်​ဖိုး​ဖြတ်၍ ရ​သော​ငွေ၊ အ​လို​လို လှူ​သော​ငွေ​ရှိ​သ​မျှ​ကို၊5 ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​သိ​အ​ကျွမ်း လှူ​သည်​အ​တိုင်း​ခံ​ယူ၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ရှိ​သ​မျှ​တို့​ကို ပြု​ပြင်​ကြ​စေ​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား မိန့်​တော်​မူ၏။ 6 သို့​သော်​လည်း ယော​ရှ​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို မ​ပြု​ပြင်​ကြ​သေး။ 7 ထို​အ​ခါ ယော​ရှ​မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​နှင့် အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခေါ်၍၊ သင်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို အ​ဘယ်​ကြောင့် မ​ပြု​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ နောက်​တစ်​ဖန် အ​သိ​အ​ကျွမ်း​လှူ​သော ငွေ​ကို ကိုယ်​တိုင်​မ​ယူ​ကြ​နှင့်။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ဖို့​ရာ​အပ်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ 8 ယဇ်​ပု​ရော​ဟိတ်​တို့​သည် နောက်​တစ်​ဖန် လူ​များ​လှူ​သော​ငွေ​ကို မ​ခံ​ရ။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို​လည်း မ​ပြု​ပြင်​ရ​ဟု ဝန်​ခံ​ကြ၏။ 9 ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သည် သေ​တ္တာ​ကို​ယူ၍ အ​ဖုံး​ကို​ဖောက်​ပြီး​လျှင်၊ ဗိ​မာန်​တော်​အ​ထဲ​သို့ ဝင်​သော​လမ်း လက်​ယာ​ဘက်​ယဇ်​ပ​လ္လင်​နား​မှာ ထား​လေ၏။ ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော ငွေ​ရှိ​သ​မျှ​ကို တံ​ခါး​စောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် သေ​တ္တာ​ထဲ​မှာ​ထား​ကြ၏။ 10 ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လာ၍ ဗိ​မာန်​တော်၌​စု​သော​ငွေ​ကို ထုတ်​ထား​လျက် စာ​ရင်း​ယူ၏။ 11 ထို​သို့ ချိန်​ထား​သော​ငွေ​ကို ဗိ​မာန်​တော်​အုပ် အ​မှု​တော်​စောင့်​တို့၌​အပ်၍၊ ဗိ​မာန်​တော်၌ အ​လုပ်​လုပ်​သော လက်​သ​မား၊ 12 ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား​တို့​အ​တွက် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို ပြု​ပြင်​စ​ရာ​ကျောက်​နှင့် သစ်​သား​ကို​ဝယ်၍ ကုန်​သ​မျှ​သော​အ​တွက် ပေး​ဝေ​ကြ၏။ 13 ဗိ​မာန်​တော်​အ​ဖို့​ငွေ​ဖ​လား၊ မီး​ညှပ်၊ အင်​တုံ၊ တံ​ပိုး၊ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ထို​ငွေ​နှင့်​မ​လုပ်​သေး။ 14 အ​လုပ်​လုပ်​သော​သူ​တို့​အား​သာ ပေး၍၊ ဗိ​မာန်​တော်​ကို ပြု​ပြင်​ကြ၏။ 15 အ​လုပ်​လုပ်​သော​သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ၊ ငွေ​ကို လက်​ခံ​သော​သူ​တို့​သည် သ​စ္စာ​စောင့်​သော​သူ ဖြစ်​သော​ကြောင့် စာ​ရင်း​မ​ပေး​ကြ။16 ဒု​စ​ရိုက်​ငွေ၊ အ​ပြစ်​ငွေ​ကို​မူ​ကား၊ ဗိ​မာန်​တော်​သို့ မ​သွင်း​ဘဲ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယူ​ကြ၏။

17 ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​အံ့​သော​ငှာ အား​ထုတ်​လေ၏။ 18 ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သည် ဘိုး​တော်​ဘေး​တော်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၊ ယ​ဟော​ရံ၊ အာ​ခ​ဇိ​လှူ​သ​မျှ​သော တန်​ဆာ​နှင့် ကိုယ်​တိုင်​သန့်​ရှင်း​စေ​သ​မျှ​သော တန်​ဆာ​များ၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ​တွင် တွေ့​သ​မျှ​သော​ရွှေ​ကို​ယူ၍ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ထံ​သို့ ပေး​လိုက်​သော​ကြောင့်၊ ဟာ​ဇေ​လ​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ထား၍ သွား၏။ 19 ယော​ရှ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 20 ထို​မင်း၏​ကျွန် ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် ရှိ​မ​ရိတ်​သား​ယ​ဟော​ဇ​ဗပ်​တို့​သည် ထ၍ သင်း​ဖွဲ့​ပြီး​လျှင်၊ သိ​လ​ရွာ​သို့ သွား​သော​လမ်း၊ မိ​လ္လော​စံ​နန်း​တွင် ယော​ရှ​ကို သေ​အောင်​လုပ်​ကြံ၍၊ 21 ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ သား​တော်​အာ​မ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-