Pular para o conteúdo
Publicidade

၄ ဓမ္မရာဇဝင် 2

ဧ​လိ​ရှဲ​၏​နိ​မိတ်​လ​က္ခ​ဏာ​များ

19 ထို​မြို့​သား​တို့​က၊ ကိုယ်​တော်​မြင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​မြို့​တည်​ရာ​အ​ရပ်​သည် သာ​ယာ​ပါ၏။ သို့​ရာ​တွင် ရေ​မ​ကောင်း၊ မြေ​လည်း ကိုယ်​ဝန်​ပျက်​စေ​တတ်​ပါ​သည်​ဟု ဧ​လိ​ရှဲ​အား​လျှောက်​ကြ​လျှင်၊ 20 ဧ​လိ​ရှဲ​က၊ ဘူး​သစ်​တစ်​လုံး​ကို ဆား​ထည့်၍ ယူ​ခဲ့​ကြ​လော့​ဟု​ဆို​သည်​အ​တိုင်း ယူ​ခဲ့​ကြ၏။ 21 ဧ​လိ​ရှဲ​သည် စမ်း​ရေ​တွင်း​သို့​သွား၍ ဆား​ကို​ခတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ဤ​ရေ​ကို​ငါ​ချို​စေ၏။ နောက်​တစ်​ဖန် သေ​စေ​မည်​အ​ကြောင်း၊ ကိုယ်​ဝန်​ပျက်​စေ​မည်​အ​ကြောင်း​ကို မ​ပြု​ရ​ဟု၊ 22 ဧ​လိ​ရှဲ​ဆင့်​ဆို​သော​အ​မိန့်​တော်​အ​တိုင်း ထို​ရေ​သည် ယ​နေ့​တိုင်​အောင် ချို​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.