32 ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ်သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊ 33 အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှာ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ 34 သူငယ်၏အနီးအပါးသို့ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။၃ရာ၊၁၇:၂၁။35 တစ်ဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့်၊ သူငယ်သည် ခုနစ်ကြိမ်ချေဆတ်၍ မျက်စိကိုဖွင့်၏။