8 ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကိုဆုတ်သည်ဟု ဘုရားသခင်၏လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကိုဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလပြည်၌ပရောဖက်ရှိသည်ကို သိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။
Publicidade