12 ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းချီးပေးတော်မူကြောင်းကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တစ်ဖန်သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။ 13 ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသောသူတို့သည် ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်လေ၏။ 14 ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ ကလေ၏။ 15 ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
Publicidade
၂ ဓမ္မရာဇဝင် 6
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.