Publicidade

Ester 10

မော်​ဒ​ကဲ​၏​တန်​ခိုး​ကြီး​ခြင်း

1 ရှင်​ဘု​ရင် အာ​ရွှေ​ရု​သည် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ ပင်​လယ်​တွင်​ရှိ​သော ကျွန်း​တို့​ပေါ်၌​လည်း​ကောင်း၊ ငွေ​တော်​ခွဲ​ကြောင်း အ​စ​ရှိ​သော၊ 2 အာ​ဏာ​တန်​ခိုး​တော်​နှင့် စီ​ရင်​သ​မျှ​သော အ​မှု​အ​ရာ​များ​နှင့်​တ​ကွ၊ ချီး​မြှောက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော မော်​ဒ​ကဲ၏ ဘုန်း​တန်​ခိုး၊ ထင်​ရှား​သော အ​ခြင်း​အ​ရာ​တို့​သည် မေ​ဒိ၊ ပေ​ရ​သိ​ရာ​ဇ​ဝင်​တို့၌ ရေး​ထား​လျက်​ရှိ၏။ 3 ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။

ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

Veja também

Publicidade
Ester
Ver todos os capítulos de Ester
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-