5 ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ 6 ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကိုအဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ 7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ 8 ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ 9 သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။