Pular para o conteúdo
Publicidade

ကမ္ဘာဦး 12

အာ​ဗြံ​ကို​ရွေး​ကောက်​တော်​မူ​ခြင်း

1 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အာ​ဗြံ​ကို​ခေါ်​တော်​မူ၍၊ သင်၏​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း​ပေါက်​ဖော်​များ​ထဲ​က ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့။တ၊ ၇:၂-၃၊ဟေဗြဲ၊ ၁၁:၈။2 ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။ 3 သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ဂလ၊ ၃:၈။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.