Pular para o conteúdo
Publicidade

ကမ္ဘာဦး 17

3 အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊ 4 ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။ 5 နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။ရော၊ ၄:၁၇။6 ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။ 7 ငါ​သည်​သင်၏​ဘု​ရား၊ သင့်​နောက်၌ သင့်​အ​မျိုး​အ​နွယ်၏​ဘု​ရား​ဖြစ်​မည်​ဟု၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့၌၊ ငါ့​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။လု၊ ၁:၅၅။8 သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။တ၊ ၇:၅။

9 တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။ 10 သင်​နှင့်​တ​ကွ သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ်​သည်၊ ငါ့​ရှေ့​မှာ​စောင့်​ရှောက်​ရ​သော ငါ၏​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ သင်​တို့​တွင် သား​ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။တ၊ ၇:၈၊11 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.