Pular para o conteúdo
Publicidade

ကမ္ဘာဦး 18

23 ထို​အ​ခါ အာ​ဗြ​ဟံ​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို၊ မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ဖျက်​ဆီး​တော်​မူ​မည်​လော။ 24 ထို​မြို့​တွင် ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ရှိ​လျှင်၊ ဖျက်​ဆီး​တော်​မူ​မည်​လော။ ဖြောင့်​မတ်​သော​သူ ငါး​ဆယ်​ပါ​သော​မြို့​ကို သူ​တို့​အ​တွက်​မ​နှ​မြော​ဘဲ ဖျက်​ဆီး​တော်​မူ​မည်​လော။ 25 ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။ 26 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သော​ဒုံ​မြို့၌ ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ သူ​တို့​အ​တွက် ထို​အ​ရပ်​လုံး​ကို​ငါ​နှ​မြော​မည်​ဟု မိန့်​တော်​မူ၏။ 27 တစ်​ဖန်​အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​သည်​မြေ​မှုန့်​နှင့် ပြာ​သက်​သက်​ဖြစ်​သော်​လည်း၊ ဘု​ရား​ရှင်​ကို​ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။ 28 ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​တို့​တွင် ငါး​ယောက်​မ​ပြည့်​လျှင်၊ ထို​ငါး​ယောက်​မ​ပြည့်​သော​အ​တွက်​ကြောင့်၊ ထို​မြို့​လုံး​ကို ဖျက်​ဆီး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ပြန်​သော်၊ ထို​မြို့၌​လေး​ဆယ့်​ငါး​ယောက်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။ 29 တစ်​ဖန်​တုံ၊ ထို​မြို့၌ လေး​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​လေး​ဆယ်​အ​တွက် ငါ​မ​ပြု​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။ 30 တစ်​ဖန်​တုံ၊ အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ။ ထို​မြို့၌​သုံး​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​မြို့၌ သုံး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ပြု​ဟု​မိန့်​တော်​မူ၏။ 31 တစ်​ဖန်​တုံ၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။ ထို​မြို့၌ နှစ်​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ နှစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။ 32 အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။ 33 ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြ​ဟံ​နှင့် နှုတ်​ဆက်​ခြင်း​အ​မှု​ကုန်​စင်​ပြီး​မှ၊ ကြွ​သွား​တော်​မူ၏။ အာ​ဗြံ​ဟံ​သည်​လည်း မိ​မိ​နေ​ရာ​အ​ရပ်​သို့ ပြန်​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também