Pular para o conteúdo
Publicidade

ကမ္ဘာဦး 2

18 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။ 19 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။ 20 ထို​သို့​လူ​သည် သား​ယဉ်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​မည်​ပေး၍​မှည့်​လေ၏။ သို့​သော်​လည်း လူ​နှင့်​တော်​သော​အ​ထောက်​အ​မ မ​ပေါ်​မ​ရှိ​သေး။

21 ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​စေ​တော်​မူ​၍၊ လူ​သည် အိပ်​ပျော်​စဉ်၊ နံ​ရိုး​တစ်​ချောင်း​ကို ဘု​ရား​သ​ခင်​ထုတ်​ပြီး​လျှင်၊ ထို​အ​ရိုး​အ​စား​အ​သား​ကို စေ့​စပ်​စေ​တော်​မူ​၏။ 22 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။ 23 လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။ 24 ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.