Pular para o conteúdo
Publicidade

ကမ္ဘာဦး 27

41 အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။ 42 ထို​သို့​သား​ကြီး ဧ​သော​ပြော​သော​စ​ကား​ကို အ​မိ​ရေ​ဗ​က္က​ကြား​လျှင်၊ သား​ငယ်​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​ဧ​သော​သည် သင့်​ကို​သတ်​သ​ဖြင့်၊ သင့်​အ​မှု၌​စိတ်​ပြေ​လိမ့်​မည်။ 43 ထို​ကြောင့်၊ ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​ပါ။ ငါ့​မောင်​လာ​ဗန်​နေ​ရာ ခါ​ရန်​မြို့​သို့​ထ၍ ပြေး​သွား​ပါ​လော့။ 44 သင်၏​အစ်​ကို​စိတ်​ပြေ​သည်​တိုင်​အောင်၊ သူ့​ထံ​မှာ ခ​ဏ​ရှောင်၍​နေ​ပါ​လော့။ 45 သင်၏​အစ်​ကို​စိတ်​ပြေ၍၊ သင်​သည် သူ​၌​ပြု​သော​အ​မှု​ကို သူ​မေ့​လျော့​သော​အ​ခါ၊ ငါ​မှာ​လိုက်၍၊ ထို​အ​ရပ်​မှ​သင့်​ကို ဆောင်​ခဲ့​စေ​မည်။ ငါ့​သား​နှစ်​ယောက်​လုံး​ကို တစ်​နေ့​ချင်း​တွင် အ​ဘယ်​ကြောင့်​ငါ​ရှုံး​ရ​မည်​နည်း​ဟု ဆို​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também