41 အဘသည် ယာကုပ်အားပေးသော ကောင်းချီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကိုအငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသောနေ့ရက်ကာလအချိန်နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကိုငါသတ်မည်ဟု၊ အကြံနှင့်ပြောလေ၏။ 42 ထိုသို့သားကြီး ဧသောပြောသောစကားကို အမိရေဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌စိတ်ပြေလိမ့်မည်။ 43 ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန်နေရာ ခါရန်မြို့သို့ထ၍ ပြေးသွားပါလော့။ 44 သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။ 45 သင်၏အစ်ကိုစိတ်ပြေ၍၊ သင်သည် သူ၌ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက်လုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့်ငါရှုံးရမည်နည်းဟု ဆိုလေ၏။