3 ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက် ယောသပ်ကိုသာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။ 4 အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကိုသူ့အား မပြောနိုင်ကြ။