Pular para o conteúdo
Publicidade

ကမ္ဘာဦး 4

12 ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ 13 ကာ​ဣ​န​က​လည်း၊ အ​ကျွန်ုပ်​အ​ပြစ်​သည် မ​ဖြေ​နိုင်​အောင်​ကြီး​ပါ​သ​လော။ 14 အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။ 15 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။

16 ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.