Pular para o conteúdo
Publicidade

ကမ္ဘာဦး 41

41 တစ်​ဖန်​ကြည့်​ပါ၊ အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို သင်​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု ယော​သပ်​အား​မိန့်​တော်​မူ​လျက်၊ဒံ၊ ၅:၂၉။42 လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊ 43 ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။ 44 ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​ဖာ​ရော​ဘု​ရင်​မှန်၏။ သို့​ဖြစ်၍ သင်၏​အ​ခွင့်​မ​ရှိ​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ဘယ်​သူ​မျှ မိ​မိ​လက်​ခြေ​ကို​မ​ကြွ​ရ​ဟု မိန့်​တော်​မူ၏။ 45 ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também