ယောသပ်မိမိကိုယ်ကိုထုတ်ဖော်ခြင်း
1 ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူအပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကိုမချုပ်တည်းနိုင်သောကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟုဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြားသောသူတစ်ယောက်မျှ မရှိရ။တ၊ ၇:၁၃။2 သူသည်လည်း ကျယ်သောအသံနှင့်ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင်ကြားကြ၏။ 3 အစ်ကိုတို့အားလည်း၊ ကျွန်ုပ်သည်ယောသပ်ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည်စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက်နေကြ၏။