Pular para o conteúdo
Publicidade

ကမ္ဘာဦး 45

3 အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။ 4 ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။ 5 သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também