Pular para o conteúdo
Publicidade

ကမ္ဘာဦး 47

7 ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။ 8 ဖာ​ရော​မင်း​က၊ သင်​သည် အ​သက်​အ​ဘယ်​မျှ​လောက်​ရှိ​ပြီ​နည်း​ဟု ယာ​ကုပ်​အား​မေး​လျှင်၊ 9 ကျွန်​တော်​သည်​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၍ လွန်​သော​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ရှိ​ပါ​ပြီ။ ကျွန်​တော်​အ​သက်​ရှင်​သော​နှစ်​ပေါင်း​နည်း၍ ဆိုး​ပါ၏။ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​သော ဘိုး​ဘေး​တို့၏​အ​သက်​တန်း​ကို မ​မီ​ပါ​ဟု လျှောက်​ဆို​ပြီး​လျှင်၊ 10 ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။

11 ဖာ​ရော​မင်း​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ယော​သပ်​သည် အ​ဘ​နှင့်​အစ်​ကို​တို့​ကို နေ​ရာ​ချ၍ အဲ​ဂု​တ္တု​ပြည်၌​အ​ကောင်း​ဆုံး​သော​အ​ရပ် ရာ​မ​သက်​မြေ​ကို​အ​ပိုင်​ပေး၏။ 12 အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.