Pular para o conteúdo
Publicidade

ကမ္ဘာဦး 6

လူ​တို့​၏​ဆိုး​သွမ်း​ခြင်း

1 မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ လူ​တို့​သည်​များ​ပြား၍ သ​မီး​များ​ကို​လည်း ရ​ကြ​သော​အ​ခါ၊ယော​ဘ၊ ၁:၆။ ၂:၁။2 ဘု​ရား​သ​ခင်၏​သား​တို့​သည် လူ​သ​မီး​တို့​လှ​ကြောင်း​ကို​မြင်၍၊ ကိုယ်​စိတ်​ရှိ​သည်​အ​တိုင်း စုံ​ဖက်​ကြ၏။ 3 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ 4 ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။တော၊ ၁၃:၃၃။

5 မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊ 6 မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သည်​ကို နောင်​တ​ရ၍၊ နှ​လုံး​တော်​ပူ​ပန်​လျက် ရှိ​တော်​မူ၏။ 7 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။ 8 နော​ဧ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သ​တည်း။မ၊ ၂၄:၃၇။ လု၊ ၁၇:၂၆။ ၁ ပေ၊ ၃:၂၀။

နော​ဧ​အ​ကြောင်း

9 နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။၂ ပေ၊ ၂:၅။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também