Pular para o conteúdo
Publicidade

ကမ္ဘာဦး 6

13 ထို​အ​ခါ ဘု​ရား​သ​ခင်​သည်၊ နော​ဧ​အား မိန့်​တော်​မူ​သည်​ကား၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​အ​ဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူ​တို့​ကြောင့် မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ အ​ကယ်​စင်​စစ် မြေ​ကြီး​နှင့်​တ​ကွ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ 14 ဂေါ​ဖ​ရ​သစ်​သား​ဖြင့်၊ သင်္ဘော​ကို ကိုယ်​ဖို့​တည်​လုပ်​လော့။ အ​ထဲ၌​လည်း အ​ခန်း​များ​ကို​လုပ်​လော့။ အ​တွင်း၊ ပြင်၊ ပတ်​လည်​ကို ထင်း​ရှူး​စေး​နှင့် သုတ်​လော့။ 15 လုပ်​ရ​မည်​ပုံ​ဟူ​မူ​ကား၊ သင်္ဘော​အ​လျား​အ​တောင်​သုံး​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ​စေ​ရ​မည်။ 16 အ​ပေါ်၌​လည်း​အ​မိုး​ကို​လုပ်​ရ​မည်။ ထို​အ​မိုး​အ​ပေါ်​အ​လယ်​ချက်၌၊ ထိပ်​အုပ်​အ​နံ​တစ်​တောင်​အ​ကျယ် ရှိ​စေ​ရ​မည်။ သင်္ဘော​နံ​တစ်​ဖက်၌​လည်း တံ​ခါး​ကို​လုပ်​ရ​မည်။ အောက်​ဆင့်၊ အ​လယ်​ဆင့်၊ အ​ပေါ်​ဆင့်​ဟူ၍၊ သုံး​ဆင့်​ကို​လည်း ရှိ​စေ​ရ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.