6 ထိုမှအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌လုပ်ခဲ့သော ပြတင်းပေါက်ကိုဖွင့်၍၊ ကျီးအတစ်ကောင်ကို လွှတ်လေ၏။ 7 ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မီတိုင်အောင်၊ သွားလာလျက် နေလေ၏။ 8 တစ်ဖန်မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကိုသိခြင်းငှာ၊ ချိုးတစ်ကောင်ကို လွှတ်ပြန်လေ၏။ 9 မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘောထဲသို့သွင်းလေ၏။ 10 တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲကလွှတ်ပြန်၏။ 11 ညဉ့်ဦးအချိန်၌ ချိုးသည် နောဧထံသို့ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သောကြောင့်၊ 12 မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တစ်ဖန်ချိုးသည် မပြန်မလာနေ၏။
Publicidade