Pular para o conteúdo
Publicidade

ကမ္ဘာဦး 8

6 ထို​မှ​အ​ရက်​လေး​ဆယ်​ကြာ​လျှင်၊ နော​ဧ​သည် သင်္ဘော​ထဲ၌​လုပ်​ခဲ့​သော ပြတင်း​ပေါက်​ကို​ဖွင့်၍၊ ကျီး​အ​တစ်​ကောင်​ကို လွှတ်​လေ၏။ 7 ထို​ကျီး​အ​သည် မြေ​ပေါ်​မှာ ရေ​မ​ခန်း​မ​ခြောက်​မီ​တိုင်​အောင်၊ သွား​လာ​လျက် နေ​လေ၏။ 8 တစ်​ဖန်​မြေ​မျက်​နှာ​ပေါ်​မှာ ရေ​ကုန်​သည် မ​ကုန်​သည်​ကို​သိ​ခြင်း​ငှာ၊ ချိုး​တစ်​ကောင်​ကို လွှတ်​ပြန်​လေ၏။ 9 မြေ​တစ်​ပြင်​လုံး၌ ရေ​ရှိ​သေး​သော​ကြောင့်၊ ချိုး​သည် ခြေ​ဖြင့်​နင်း၍ အ​မော​ဖြေ​စ​ရာ​ကို​မ​တွေ့​သ​ဖြင့်၊ နော​ဧ​ရှိ​ရာ သင်္ဘော​သို့​ပြန်​လာ​လေ၏။ နော​ဧ​သည်​လည်း လက်​ကို​ဆန့်၍၊ ချိုး​ကို​ကိုင်​ယူ​ပြီး​လျှင်၊ မိ​မိ​နေ​ရာ သင်္ဘော​ထဲ​သို့​သွင်း​လေ၏။ 10 တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို သင်္ဘော​ထဲ​က​လွှတ်​ပြန်၏။ 11 ညဉ့်​ဦး​အ​ချိန်၌ ချိုး​သည် နော​ဧ​ထံ​သို့​ပြန်​လာ၍၊ မိ​မိ​ဆိတ်​ယူ​သော သံ​လွင်​ရွက်​ကို မိ​မိ​နှုတ်​သီး​ဖြင့် ဆောင်​ခဲ့​သော​ကြောင့်၊ 12 မြေ​ကြီး​ပေါ်​မှာ ရေ​ကုန်​ကြောင်း​ကို နော​ဧ​သိ​လေ၏။ တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို လွှတ်​ပြန်၏။ နောက်​တစ်​ဖန်​ချိုး​သည် မ​ပြန်​မ​လာ​နေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.