15 ထိုအခါငါတစ်ဖက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တစ်ဖက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကိုငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ဖျက်ဆီးခြင်းငှာ၊ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။ 16 မိုးတိမ်၌ သက်တံရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။
Publicidade