4 သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ဝတ်၊ ၇:၂၆-၂၇၊၁၇:၁၀-၁၄၊၁၉:၂၆၊တရား၊ ၁၂:၁၆၊၂၃၊၁၅:၂၃။5 အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။ 6 အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ထွ၊ ၂၀:၁၃၊က၊ ၁:၂၆။