Pular para o conteúdo
Publicidade

ကမ္ဘာဦး 9

8 တစ်​ဖန်​ဘု​ရား​သ​ခင်​သည်၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​မိန့်​တော်​မူ​သည်​ကား၊ 9 သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊ 10 သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။ 11 သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ 12 ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ 13 ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.