Pular para o conteúdo
Publicidade

ဟေဗြဲ 12

7 သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- 8 သား​အ​ပေါင်း​တို့​သည် ခံ​တတ်​သော​ဆုံး​မ​ခြင်း​ကို သင်​တို့​သည် မ​ခံ​ဘဲ​နေ​လျှင်၊ သား​ရင်း​မ​ဟုတ်၊ မင်း​ဦး မင်း​လွင်​ရ​သော သား​ဖြစ်​ကြ၏။- 9 တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။- 10 အ​ကြောင်း​မူ​ကား၊ ထို​အ​ဘ​တို့​သည် မိ​မိ​အ​လို​သို့​လိုက်၍ တစ်​ခ​ဏ​သာ ဆုံး​မ​ပေး​ကြ၏။ ကိုယ်​တော်​မူ​ကား၊ မိ​မိ​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို ငါ​တို့​သည် ဆက်​ဆံ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ကျိုး​ကို​ထောက်၍​သာ ဆုံး​မ​ပေး​တော်​မူ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também