Publicidade

Juízes 1

အ​ဒေါ​နိ​ဗေ​ဇက်​မင်း

1 ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊ 2 ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် ချီ​သွား​ရ​မည်။ ထို​ပြည်​ကို သူ၏​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။ 3 ယု​ဒ​သည် မိ​မိ​အစ်​ကို​ရှိ​မောင်​အား၊ ခါ​န​နိ​လူ​တို့​ကို​တိုက်​ခြင်း​ငှာ ငါ့​အ​မွေ​မြေ​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ။ သင့်​အ​မွေ​မြေ​သို့​လည်း သင်​နှင့်​အ​တူ ငါ​လိုက်​သွား​မည်​ဟု​ဆို​သည်​အ​တိုင်း ရှိ​မောင်​သည်​လိုက်​သွား​လေ၏။ 4 ယု​ဒ​ချီ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​အပ်​တော်​မူ​သ​ဖြင့်၊ ဗေ​ဇက်​မြို့၌ လူ​တစ်​ထောင်​ကို သတ်​လေ၏။ 5 အ​ဒေါ​နိ​ဗေ​ဇက်​မင်း​ကို ဗေ​ဇက်​မြို့၌​တွေ့၍၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​သတ်​သော​အ​ခါ၊ 6 အ​ဒေါ​နိ​ဗေ​ဇက်​သည် ပြေး​လေ၏။ ယု​ဒ​လူ​တို့​သည် လိုက်၍​ဖမ်း​မိ​ပြီး​လျှင် လက်​မ၊ ခြေ​မ​တို့​ကို ဖြတ်​ကြ၏။ 7 အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။

ယေ​ရု​ရှ​လင်​နှ​င့်​ဟေ​ဗြုန်​ကို​အောင်​ခြင်း

8 ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​ပြီး​မှ မီး​ရှို့​ကြ၏။ 9 ထို​နောက်​တောင်​ပေါ်၌​လည်း​ကောင်း၊ တောင်​မျက်​နှာ၌​လည်း​ကောင်း၊ ချိုင့်​ထဲ၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​တို့​ကို အ​တိုက်​သွား​ကြ၏။

10 တစ်​ဖန် ယု​ဒ​အ​မျိုး​သည်၊ ကိ​ရ​ယ​သာ​ဘ​အ​မည်​ဟောင်း​ရှိ​သော ဟေ​ဗြုန်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား၍၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​လုပ်​ကြံ​ကြ၏။

ဒေ​ဗိ​ရ​မြို့​ကို​အောင်​ခြင်း

11 တစ်​ဖန် ကိ​ရ​ယဿေ​ဖာ​အ​မည်​ဟောင်း​ရှိ​သော ဒေ​ဗိ​ရ​မြို့​သား​တို့​ရှိ​ရာ​သို့ ချီ​ပြန်၍၊ 12 ကာ​လက်​က၊ ကိ​ရ​ယဿေ​ဖာ​မြို့​ကို တိုက်​ယူ​လုပ်​ကြံ​သော​သူ​အား၊ ငါ​သည် သ​မီး​အာ​ခ​သ​ကို ပေး​စား​မည်​ဟု​ဆို​လျှင်၊ 13 ကာ​လက်​ညီ​ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် ထို​မြို့​ကို​တိုက်​ယူ၍၊ ကာ​လက်​သည် သ​မီး​အာ​ခ​သ​ကို သူ့​အား​ပေး​စား​လေ၏။ 14 ထို​မိန်း​မ​သည် ခ​ရီး​သွား​စဉ်​အ​ခါ၊ လယ်​တစ်​ကွက်​ကို အ​ဘ၌​တောင်း​ခြင်း​ငှာ လင်​နှင့်​တိုင်​ပင်​ပြီး​မှ မြည်း​ပေါ်​က​ဆင်း​လေ၏။ အ​ဘ​ကာ​လက်​က၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု​မေး​လျှင်၊ 15 သ​မီး​က၊ ကောင်း​ချီး​ပေး​စေ​ချင်​ပါ၏။ ကိုယ်​တော်​သည် တောင်​မျက်​နှာ​အ​ရပ်​ကို ပေး​ပါ​ပြီ။ စမ်း​ရေ​တွင်း​တို့​ကို​လည်း ပေး​တော်​မူ​ပါ​ဦး​ဟု တောင်း​သည်​အ​တိုင်း အ​ဘ​သည်​အ​ထက်​စမ်း​ရေ​တွင်း၊ အောက်​စမ်း​ရေ​တွင်း​တို့​ကို ပေး​လေ၏။

ယု​ဒ​နှ​င့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​၏​အောင်​ပွဲ

16 မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။ 17 တစ်​ဖန် ယု​ဒ​သည် အစ်​ကို​ရှိ​မောင်​နှင့်​အ​တူ​သွား၍ ဇေ​ဖတ်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို လုပ်​ကြံ၍ မြို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​လျှင်၊ ထို​မြို့​ကို​ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။ 18 ယု​ဒ​သည် ဂါ​ဇ​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​ကေ​လုန်​မြို့​နှင့် မြို့​နယ်၊ ဧ​ကြုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း တိုက်​ယူ​လေ၏။ 19 ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​နှင့်​အ​တူ​ရှိ​တော်​မူ၍၊ သူ​သည် တောင်​ပေါ်​မှာ​နေ​သော သူ​တို့​ကို​နှင်​ထုတ်​လေ၏။ ချိုင့်​သား​တို့​ကို မ​နှင်​ထုတ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သံ​ရ​ထား​ရှိ​ကြ၏။ 20 မော​ရှေ​မှာ​ထား​သည်​အ​တိုင်း ဟေ​ဗြုန်​မြို့​ကို ကာ​လက်​အား​ပေး​ကြ၍၊ သူ​သည် အာ​န​က​သား​သုံး​ယောက်​တို့​ကို ထို​မြို့​မှ နှင်​ထုတ်​လေ၏။21 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။

ဗေ​သ​လ​မြို့​ကို​အောင်​မြင်​ခြင်း

22 ယော​သပ်​အ​မျိုး​သား​တို့​သည်​လည်း၊ ဗေ​သ​လ​မြို့​သို့​ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ 23 လု​ဇ​အ​မည်​ဟောင်း​ရှိ​သော ထို​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ စေ​လွှတ်​သော သူ​လျှို​တို့​သည်၊ 24 မြို့​ထဲ​က ထွက်​လာ​သော​လူ​တစ်​ယောက်​ကို တွေ့​မြင်၍၊ မြို့​ထဲ​သို့ ဝင်​သော​လမ်း​ကို ပြ​ပါ​တော့။ သို့​ပြလျှင် သင့်​ကို ချမ်း​သာ​ပေး​မည်​ဟု​ဆို​သော်၊ 25 ထို​သူ​သည် မြို့​ထဲ​သို့​ဝင်​သော​လမ်း​ကို ပြ​သ​ဖြင့်၊ သူ​တို့​သည် မြို့​သား​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ ထို​လူ​နှင့် သူ၏​အိမ်​သား​အ​ပေါင်း​တို့​ကို လွှတ်​ကြ၏။ 26 ထို​သူ​သည် ဟိ​တ္တိ​ပြည်​သို့​သွား​ပြီး​လျှင်၊ မြို့​ကို​တည်​ထောင်၍ လု​ဇ​အ​မည်​ဖြင့် သ​မုတ်​လေ၏။ ယ​နေ့​တိုင်​အောင် ထို​သို့ ခေါ်​ဝေါ်​ကြ​သ​တည်း။

နှင်​ထုတ်​ခြင်း​မ​ခံ​ရ​သူ​များ

27 မ​နာ​ရှေ​အ​မျိုး​သည်၊ ဗက်​ရှန်​မြို့​ရွာ​များ၊ တာ​နက်​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​ရွာ​များ၌​နေ​သော​သူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် အ​နိုင်​နေ​ကြ၏။ 28 တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အား​ကြီး​သော​အ​ခါ၊ ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​သော်​လည်း အ​ခွန်​ကို​ဆက်​သွင်း​စေ​ကြ၏။29 ထို​အ​တူ ဧ​ဖ​ရိမ်​အ​မျိုး​သည် ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ဂေ​ဇာ​မြို့၌ ရော​နှော​လျက်​နေ​ကြ၏။30 ထို​အ​တူ ဇာ​ဗု​လုန်​အ​မျိုး​သည် ကိ​တ​ရုန်​မြို့​သား၊ န​ဟာ​လော​လ​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် ရော​နှော​လျက်​နေ၍၊ အ​ခွန်​ပေး​ကြ၏။ 31 ထို​အ​တူ​အာ​ရှာ​အ​မျိုး​သည် အ​က္ခော​မြို့​သား၊ ဇိ​ဒုန်​မြို့​သား၊ အာ​လပ်​မြို့​သား၊ အာ​ခ​ဇိပ်​မြို့​သား၊ ဟေ​လ​ဗ​မြို့​သား၊ အာ​ဖိတ်​မြို့​သား၊ ရ​ဟော​ဘ​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ 32 အာ​ရှာ​အ​မျိုး​သား​တို့​သည် ပြည်​သား​ခါ​န​နိ​လူ​တို့​နှင့် ရော​နှော၍ နေ​ကြ၏။ 33 ထို​အ​တူ နဿ​လိ​အ​မျိုး​သည် ဗက်​ရှေ​မက်​မြို့​သား၊ ဗေ​သ​နတ်​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ပြည်​သား​ခါ​န​နိ​လူ​တို့​နှင့် ရော​နှော၍​နေ​ကြ၏။ သို့​ရာ​တွင် ဗက်​ရှေ​မက်​မြို့​သား၊ ဗေ​သ​နတ်​မြို့​သား​တို့​သည် အ​ခွန်​ပေး​လျက် နေ​ကြ၏။ 34 အာ​မော​ရိ​လူ​တို့​သည်​လည်း ဒန်​အ​မျိုး​သား​တို့​ကို တောင်​ပေါ်​သို့​နှင်​သ​ဖြင့်၊ ချိုင့်​ထဲ​မှာ နေ​ရ​သော​အ​ခွင့်​ကို​မ​ပေး​ကြ။ 35 အာ​မော​ရိ​လူ​တို့​သည် ဟေ​ရက်​တောင်​ပေါ်​မြို့၊ အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့၌ အ​နိုင်​နေ​ကြ၏။ သို့​ရာ​တွင် ယော​သပ်​အ​မျိုး​သား​တို့​သည် အား​ကြီး​သ​ဖြင့် အာ​မော​ရိ​လူ​တို့​သည် အ​ခွန်​ပေး​ရ​ကြ၏။ 36 အာ​မော​ရိ​လူ​နေ​ရ​သော​အ​ရပ်​သည် အ​က​ရ​ဗ္ဗိမ်​ကုန်း​နား၊ သေ​လ​မြို့​မှ​စ၍ အ​ထက်​အ​ရပ်​ပေ​တည်း။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-22_10-02-25-