Pular para o conteúdo
Publicidade

တရားသူကြီး 13

6 ထို​မိန်း​မ​သည်​လည်း မိ​မိ​ခင်​ပွန်း​ထံ​သို့ သွား၍ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော မျက်​နှာ​ရှိ​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လာ၏။ အ​ဘယ်​က​လာ​သ​နည်း​ဟု အ​ကျွန်ုပ်​လည်း မ​မေး။ သူ​သည်​လည်း မိ​မိ​အ​မည်​ကို​မ​ပြော။ 7 သူ​က​လည်း၊ သင်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ သေ​သော​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ​ဖြစ်​ရ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​မြွက်​ကြောင်း​ကို ပြော​ဆို​လေ၏။

8 ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​သ​ခင်၏​တ​မန်​တော်​သည် တစ်​ဖန်​လာ၍ သွန်​သင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော်၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também