Pular para o conteúdo
Publicidade

တရားသူကြီး 3

ဧ​ဟု​ဒ

12 တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ 13 ထို​မင်း​သည် အ​မ္မုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​လျက်​ချီ​သွား၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ စွန်​ပ​လွံ​မြို့​ကို သိမ်း​ယူ​သ​ဖြင့်၊ 14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး မော​ဘ​ရှင်​ဘု​ရင် ဧ​ဂ​လုန်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ၏။ 15 နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ လက်​ယာ​လက်​ကို​မ​သုံး​တတ်​သော ဗင်္ယာ​မိန်​အ​မျိုး၊ ဂေ​ရ​သား​ဧ​ဟု​ဒ​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။ သူ့​လက်​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် လက်​ဆောင်​ကို မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ ပေး​လိုက်​ကြ၏။ 16 ဧ​ဟု​ဒ​သည် အ​လျား​တစ်​တောင်​ရှိ​သော သန်​လျက်​ကို​လုပ်၍ လက်​ယာ​ပေါင်​အ​ဝတ်​တွင်း၌ စည်း​ထား​ပြီး​လျှင်၊ 17 မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​လေ၏။ ဧ​ဂ​လုန်​သည် အ​လွန်​ဝ​သော​သူ​ဖြစ်၏။ 18 ဧ​ဟု​ဒ​သည် လက်​ဆောင်​ကို​ဆက်​ပြီး​လျှင်၊ လက်​ဆောင်​ကို ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်၍၊ 19 ဂိ​လ​ဂါ​လ​မြို့​နား၌​ရှိ​သော ကျောက်​တိုင်​တို့​မှ ကိုယ်​တိုင်​ပြန်​လာ၍၊ ဘု​ရား​ကျွန်​တော်​သည် တိတ်​ဆိတ်​စွာ လျှောက်​စ​ရာ​အ​ကြောင်း​ရှိ​ပါ​သည်​ဟု ဆို​လျှင်၊ ရှင်​ဘု​ရင်​က၊ တိတ်​ဆိတ်​စွာ​နေ​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ထံ​တော်၌ ခ​စား​သော သူ​အ​ပေါင်း​တို့​သည် ထွက်​ကြ၏။ 20 ထို​အ​ခါ ရှင်​ဘု​ရင်​သည် ကိုယ်​တိုင် တစ်​ယောက်​တည်း​နေ​တတ်​သော နွေ​နန်း​ဆောင်၌ ထိုင်​နေ​စဉ်၊ ဧ​ဟု​ဒ​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ပါ​ပါ၏​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​သည် ထ​လေ၏။ 21 ဧ​ဟု​ဒ​သည် လက်​ဝဲ​လက်​ကို​ဆန့်​လျက် သန်​လျက်​ကို လက်​ယာ​ပေါင်​မှ​ထုတ်၍ ရှင်​ဘု​ရင်၏​ဝမ်း​ကို​ထိုး​သ​ဖြင့်၊ 22 လက်​ကိုင်​အ​ရိုး​နှင့်​တ​ကွ သန်​လျက်​မြုပ်​ဝင်၍၊ ဝမ်း​ထဲ​က မ​နုတ်​နိုင်​အောင် ဆီ​ဥ​သည် သန်​လျက်​ကို​လွှမ်း​လျက်၊ ချေး​နု​လည်း ထွက်​လျက်​ရှိ​လေ၏။ 23 ထို​အ​ခါ ဧ​ဟု​ဒ​သည် အ​ခန်း​ပြင်​သို့ ထွက်​ပြီး​လျှင် နန်း​တော်​တံ​ခါး​တို့​ကို ပိတ်၍ သော့​ခတ်​လေ၏။ 24 ထွက်​သွား​သော​နောက်၊ ကျွန်​တော်​မျိုး​အ​ချို့​တို့​သည်​လာ၍ နန်း​တော်​တံ​ခါး၌ သော့​ခတ်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ စင်​စစ် နွေ​နန်း​ဆောင်၌ စက်​တော်​ခေါ်​သည်​ဟု​ဆို​လျက်၊ 25 ရှက်​ကြောက်​သည်​တိုင်​အောင် ငံ့​နေ​ပြီး​မှ၊ သူ​တို့​အ​ရှင်​သည် တံ​ခါး​ကို မ​ဖွင့်​သော​ကြောင့်၊ သူ​တို့​သည် သော့​ကို​ယူ၍ ဖွင့်​ကြည့်​သော​အ​ခါ၊ မြေ​ပေါ်​မှာ​လဲ၍ သေ​လျက်​ရှိ​သော မိ​မိ​တို့​အ​ရှင်​ကို တွေ့​မြင်​ကြ၏။ 26 ထို​သို့ သူ​တို့​သည် ငံ့​နေ​ကြ​စဉ်​တွင်၊ ဧ​ဟု​ဒ​သည် ဘေး​လွတ်​သ​ဖြင့်၊ ကျောက်​တိုင်​တို့​ကို​လွန်၍ စိ​ရပ်​ရွာ​သို့​ရောက်​ပြီး​မှ၊ 27 ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။ 28 သူ​က​လည်း ငါ့​နောက်​သို့ လိုက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ရန်​သူ မော​ဘ​လူ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို​သည်​အ​တိုင်း၊ သူ့​နောက်​မှာ​ဆင်း၍ ယော်​ဒန်​မြစ်​ကူး​ရာ မော​ဘ​ပြည်​သို့​သွား​ရာ​လမ်း​ကို ဆီး​တား​သ​ဖြင့်၊ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကူး​စေ​ရ။ 29 ထို​အ​ခါ ခွန်​အား​ကြီး​သော မော​ဘ​စစ်​သူ​ရဲ​တစ်​ယောက်​မျှ မ​လွတ်​ဘဲ၊ လူ​တစ်​သောင်း​ကို​သတ်၍၊ 30 မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.