25 ဥတုမစင်ကြယ်ရာကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မီတိုင်အောင် ဥတုမစင်ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။ 26 အနာမပျောက်မီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့လည်းကောင်း၊ ထိုင်ရာသည်လည်းကောင်း မစင်ကြယ်ဖြစ်၏။ 27 ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။