Publicidade

Levítico 18

ရှောင်​ကြဉ်​ရ​မ​ည့်​ကာ​မ​စပ်​ယှက်​မှု

1,2 တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 3 သင်​တို့​နေ​ဖူး​သော အဲ​ဂု​တ္တု​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​ပို့​ဆောင်​လ​တ္တံ့​သော ခါ​နာန်​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မ​ကျင့်၊ သူ​တို့​တ​ရား​လမ်း​သို့ မ​လိုက်​ရ​ကြ။ 4 ငါ​စီ​ရင်​ချက်​ရှိ​သည်​အ​တိုင်း​ကျင့်၍၊ ငါ့​ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 5 ထို​ကြောင့် ငါစီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့်​အ​သက်​ရှင်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

6 သင်​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​ပေါက်​ဖော်​တော်​သော​သူ​ကို ချဉ်း၍ သံ​ဝါ​သ​မ​ပြု​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 7 သင်၏​အ​ဘ​နှင့်​သာ​ဆိုင်​သော သင်၏​အ​မိ​ကို မ​ချဉ်း​ရ။ ကိုယ်​အ​မိ​ဖြစ်​သော​ကြောင့် သံ​ဝါ​သ​မ​ပြု​ရ။ 8 ကိုယ်​အ​ဘ၏​မ​ယား​မည်​သည်​ကို မ​ချဉ်း​ရ။ အ​ဘ​နှင့်​သာ ဆိုင်၏။ 9 တစ်​အိမ်​တည်း၌ မွေး​ဖွား​သည်​ဖြစ်​စေ၊ အ​ခြား​သော​အ​ရပ်၌ မွေး​ဖွား​သည်​ဖြစ်​စေ၊ သင်၏​နှ​မ​ကို​မ​ချဉ်း​ရ။ 10 ကိုယ်​ရင်​သွေး​ဖြစ်​သော သင်၏​မြေး​ကို​မ​ချဉ်း​ရ။ 11 အ​မိ​ခြား​သော်​လည်း တစ်​ဘ​တည်း​ဖြစ်​သော နှ​မ​ကို​မ​ချဉ်း​ရ။ 12 သင့်​အ​ဘ၏​ပေါက်​ဖော်​ရင်း​ဖြစ်​သော အ​ဘ၏​နှ​မ​ကို​လည်း​ကောင်း၊ 13 သင့်​အ​မိ၏​ပေါက်​ဖော်​ရင်း​ဖြစ်​သော အ​မိ၏​ညီ​အစ်​မ​ကို​လည်း​ကောင်း၊ 14 အ​ဘ၏​ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော မိ​ကြီး​မိ​ထွေး​ဖြစ်​သော အ​ဘ၏​ညီ​အစ်​ကို မ​ယား​ကို​လည်း​ကောင်း၊ 15 သား၏​မ​ယား​တည်း​ဟူ​သော ချွေး​မ​ကို​လည်း​ကောင်း၊ 16 ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော ညီ​အစ်​ကို၏​မ​ယား​ကို​လည်း​ကောင်း မ​ချဉ်း​ရ။ 17 ကိုယ်​မ​ယား၏​ပေါက်​ဖော်​ရင်း​ဖြစ်​သော မ​ယား၏​သ​မီး၊ မ​ယား၏​မြေး​ကို မ​ချဉ်း​ရ။ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ 18 ကိုယ်​မ​ယား​ကို​နှောင့်​ယှက်​ခြင်း​ငှာ သူ​အ​သက်​ရှင်​စဉ်​တွင် သူ၏​ညီ​အစ်​မ​ကို မ​သိမ်း​ရ။

19 ဥ​တု​ရောက်၍ မ​စင်​ကြယ်​သော​မိန်း​မ​ကို​လည်း မ​ချဉ်း​ရ။ 20 ကိုယ်​ကို​ညစ်​ညူး​စေ​လျက်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ။ 21 သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 22 မိန်း​မ​နှင့် ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ချင်း​မ​ပေါင်း​ဖော်​ရ။ ရွံ​ရှာ​ဖွယ်​အ​မှု​ဖြစ်၏။ 23 ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ၍ တိ​ရ​စ္ဆာန်​နှင့်​မ​ပေါင်း​ဖော်​ရ။ မိန်း​မ​သည်​လည်း မိ​မိ​နှင့် တိ​ရ​စ္ဆာန်၏​ပေါင်း​ဖော်​ခြင်း​ကို​မ​ခံ​ရ။ ရွံ​ရှာ​ဖွယ်​သော ရော​နှော​ခြင်း​ဖြစ်၏။

24 ထို​သို့​သော​အ​မှု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ။ သင်​တို့​ရှေ့​မှာ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​သို့​သော​အ​မှု​ကို​ပြု၍ ညစ်​ညူး​ကြ၏။ 25 သူ​တို့​ပြည်​သည်​လည်း ညစ်​ညူး၏။ ညစ်​ညူး​သော​အ​ပြစ်​ကြောင့် ငါ​ဆုံး​မ၍၊ ထို​ပြည်​သည် မိ​မိ​သား​တို့​ကို အော့​အန်​လိမ့်​မည်။ 26-28 သင်​တို့​မူ​ကား၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ထို​ပြည်​သည် သင်​တို့​ရှေ့၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို အော့​အန်​သ​ကဲ့​သို့ တစ်​ဖန်​ညစ်​ညူး​ခြင်း​ကို​ခံ၍၊ သင်​တို့​ကို မ​အော့​အန်​စေ​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ထို​သို့​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မ​ပြု​ရ။ သင်​တို့​ရှေ့၌​ရှိ​သော​ပြည်​သား​တို့​သည် ထို​သို့​သော​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​သော​အား​ဖြင့် သူ​တို့​ပြည်​သည် ညစ်​ညူး​ခြင်း​ရှိ၏။ 29 ထို​သို့​သော​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​သော​သူ​မည်​သည်​ကား၊ သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ခံ​ရ​မည်။ 30 သို့​ဖြစ်၍ သင်​တို့​ရှေ့၌​ပြု​ဖူး​သော ထို​ရွံ​ရှာ​ဖွယ်​ထုံး​စံ​ဓ​လေ့​သို့ သင်​တို့​သည်​လိုက်၍၊ ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မိန့်​တော်​မူ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_10-32-54-