Pular para o conteúdo
Publicidade

ရှင်မဿဲ 1

ယေ​ရှု​ခ​ရစ်​၏​ဆွေ​စဉ်​မျိုး​ဆက်

1 အာ​ဗြ​ဟံ​နှင့် ဒါ​ဝိဒ်​တို့​မှ​ဆင်း​သက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်၏ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ဟူ​မူ​ကား၊- 2 အာ​ဗြ​ဟံ​သား ဣ​ဇာက်။ ဣ​ဇာက်​သား ယာ​ကုပ်။ ယာ​ကုပ်​သား ယု​ဒ​မှ​စ၍ ညီ​နောင်​တစ်​စု။- 3 ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။- 4 အာ​ရံ​သား အ​မိ​န​ဒပ်။ အ​မိ​န​ဒပ်​သား နာ​ရှုန်။ နာ​ရှုန်​သား စာ​လ​မုန်။- 5 စာ​လ​မုန်​သည် မိ​မိ​ခင်​ပွန်း​ရာ​ခပ်​တွင် မြင်​သော​သား ဗော​ဇ။ ဗော​ဇ​သည် မိ​မိ​ခင်​ပွန်း​ရု​သ​တွင် မြင်​သော​သား ဩ​ဗက်။ ဩ​ဗက်​သား ယေ​ရှဲ။ ယေ​ရှဲ​သား ဒါ​ဝိဒ်​မင်း​ကြီး​တည်း။

6 ဒါ​ဝိဒ်​မင်း​ကြီး​သည် ဥ​ရိ​ယ၏​ခင်​ပွန်း​ဖြစ်​ဖူး​သော မိန်း​မ​တွင် မြင်​သော​သား ရှော​လ​မုန်။- 7 ရှော​လ​မုန်​သား ရော​ဗောင်။ ရော​ဗောင်​သား အ​ဘိ​ယ။ အ​ဘိ​ယ​သား အာ​သ။- 8 အာ​သ​သား ယော​ရှ​ဖတ်။ ယော​ရှ​ဖတ်​သား ယ​ဟော​ရံ။ ယ​ဟော​ရံ​သား ဩ​ဇိ။တ​ရား၊၁၅:၂၁။9 ဩ​ဇိ​သား ယော​သံ။ ယော​သံ​သား အာ​ခတ်။ အာ​ခတ်​သား ဟေ​ဇ​ကိ။- 10 ဟေ​ဇ​ကိ​သား မ​နာ​ရှေ။ မ​နာ​ရှေ​သား အာ​မုန်။ အာ​မုန်​သား ယော​ရှိ။- 11 ယော​ရှိ​သား ယော​ယ​ကိမ်။ ယော​ယ​ကိမ်​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​ခါ​နီး​တွင်​မြင်​သော​သား ယေ​ခေါ​နိ​မှ​စ၍ ညီ​နောင်​တစ်​စု​တည်း။၄ ရာ၊ ၂၄:၁၄-၁၅။ ၆ ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။

12 ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​နောက်၊ ယေ​ခေါ​နိ​သား ရှာ​လ​သေ​လ။ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ။- 13 ဇေ​ရု​ဗ​ဗေ​လ​သား အ​ဗျုဒ်။ အ​ဗျုဒ်​သား ဧ​လျာ​ကိမ်။ ဧ​လျာ​ကိမ်​သား အာ​ဇော်။- 14 အာ​ဇော်​သား ဇာ​ဒုတ်။ ဇာ​ဒုတ်​သား အာ​ခိမ်။ အာ​ခိမ်​သား ဧ​လုဒ်။- 15 ဧ​လုဒ်​သား ဧ​လာ​ဇာ။ ဧ​လာ​ဇာ​သား မဿန်။ မဿန်​သား ယာ​ကုပ်။- 16 ယာ​ကုပ်​မြင်​သော​သား​ကား၊ မာ​ရိ၏​ခင်​ပွန်း​ယော​သပ်​တည်း။ ထို​မာ​ရိ​သည် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သ​မုတ်​သော ယေ​ရှု၏​မယ်​တော်​ဖြစ်၏။

17 ဤ​သို့​လျှင်၊ မျိုး​စဉ်​နွယ်​ဆက်​ပေါင်း​ကား၊ အာ​ဗြ​ဟံ​မှ​သည် ဒါ​ဝိဒ်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဗာ​ဗု​လုန်​မြို့​သို့ ပြောင်း​ပြီး​မှ​သည် ခ​ရစ်​တော်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက် ဖြစ်​သ​တည်း။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também