Pular para o conteúdo
Publicidade

ရှင်မဿဲ 26

ယေ​ရှု​ကို​သတ်​ရန်​ကြံ​စည်

1 ထို​ဒေ​သ​နာ​တော်​ရှိ​သ​မျှ​တို့​ကို ယေ​ရှု​သည် အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​အား၊- 2 နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-ထွ၊ ၁၂:၁-၂၇။3 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊- 4 ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။- 5 သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။

ဆီ​မွှေး​သွန်း​လောင်း​ခံ​ရ​ခြင်း

6 ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ဖြစ်၍၊- 7 မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော ဆီ​မွှေး​ကျောက်​ဖြူ​ခွက် တစ်​လုံး​ကို အ​ထံ​တော်​သို့ ယူ​ခဲ့၍၊ စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​သော ကိုယ်​တော်၏​ခေါင်း​ပေါ်၌ သွန်း​လောင်း​လေ၏။-လု၊ ၇:၃၇-၃၈။8 တ​ပည့်​တော်​တို့​သည် မြင်​လျှင် ဒေါ​သ​စိတ်​ရှိ​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။- 9 ထို​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို​ကြ၏။- 10 ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။- 11 ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။-တ​ရား၊၁၅:၁၁။12 ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။- 13 ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

သ​စ္စာ​ဖောက်​ရန်​ယု​ဒ​ကြံ​စည်​ခြင်း

14 ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား၍၊- 15 အ​ကျွန်ုပ်​သည် ယေ​ရှု​ကို ကိုယ်​တော်​တို့​လက်​သို့​အပ်​လျှင် အ​ဘယ်​မျှ​လောက် ပေး​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ထို​သူ​တို့​က ငွေ​အ​ကျပ်​သုံး​ဆယ် ပေး​မည်​ဟု ဝန်​ခံ​ကြ၏။-ဇာ၊ ၁၁:၁၂။16 ထို​အ​ခါ​မှ​စ၍ ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။

တ​ပည့်​တော်​တို့​နှင့်​ပ​သ​ခါ​ပွဲ​ခံ​ခြင်း

17 အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- 18 ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။- 19 တ​ပည့်​တော်​တို့​သည် စီ​ရင်​တော်​မူ​သည်​အ​တိုင်း​ပြု၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။

20 ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့် အ​တူ စား​ပွဲ၌​လျောင်း​တော်​မူ၏။- 21 စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- 22 တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း၍ သ​ခင်၊ အ​ကျွန်ုပ်​လော​ဟု အ​သီး​အ​သီး​မေး​လျှောက်​ကြ၏။- 23 ကိုယ်​တော်​က​လည်း ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-ဆာ၊ ၄၁:၉။24 ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။- 25 ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။

ပွဲ​တော်​မင်္ဂ​လာ

26 ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- 27 ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား​ပေး​တော်​မူ၍ သင်​တို့​ရှိ​သ​မျှ​သည် သောက်​ကြ​လော့။- 28 ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-ထွ၊ ၂၄:၈။ ယေ၊ ၃၁:၃၁-၃၄။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também